Your Dream League ~
.
ဂျောင်အွန်းချယ်သည် ဟုန်းဂျယ်မင်းတို့အဖွဲ့ကို သိနေပါ၏။ သူတို့မှာ တခြားသူများအပေါ်ထိခိုက်စေတတ်သည့် ဆိုးသွမ်းသည့် ကျောင်းလူဆိုးများဖြစ်ကြပြီး ကျောင်းကောင်စီအထက်တန်းကျောင်းသားများကို ဆံပင်ကျွတ်အောင်စိတ်ဖိအားခံစားရစေသော အကြောင်းရင်းများပင် ဖြစ်လေသည်။
အကြောင်းအရာများကို ဆက်စပ်တွေးကြည့်လိုက်သည့်အခါ ဆုန်းအီဟွန်းက ကုန်းကျော်တံတားပေါ်မှခုန်ချသွားသည့်အကြောင်းရင်းမှာ ထင်ရှားလာခဲ့ရာ ဂျောင်အွန်းချယ်သည် လုံးဝပင် ပူထူသွားခဲ့ပါ၏။ သူသိရှိထားသည်များအရဆိုလျှင် ဆုန်းအီဟွန်း၊ ထိုကလေးသည် ပြင်းထန်လှသည့်ကျောင်းတွင်းအကြမ်းဖက်မှုကို ခံစားခဲ့ရပြီးနောက် မျှော်လင့်ချက်ပျောက်ဆုံးကာ တံတားပေါ်မှခုန်ချခဲ့ရသည်အထိ ဖြစ်သွားခဲ့ပုံပေါ်ပါသည်။
သို့သော် အကြီးမားဆုံးပြဿနာမှာတော့ ထိုအကြမ်းဖက်မှုသည် ယခုထိတိုင် ဆက်ဖြစ်ပွားနေဆဲပင်ဖြစ်သည်။ အတန်း၃ အခန်း၁၏ အတန်းတက်စာအုပ်ထဲ၌ ဆုန်းအီဟွန်းနှင့်ဟုန်းဂျယ်မင်း နှစ်ဦးစလုံးရှိနေခဲ့ပေ၏။ ဟုန်းဂျယ်မင်းမှ ဆုန်းအီဟွန်း၏ တံတားပေါ်မှ ကိုယ့်ကိုယ်ကိုယ်ခုန်ချကာ သတ်သေရန်ကြိုးစားမှုကို သိရှိပြီး သူ့ကိုယ်သူပြင်ဆင်ပြောင်းလဲမည်ဆိုလျှင်သာ အကြမ်းဖက်မှုမှာ ရပ်တန့်သွားပေလိမ့်မည်။ ဤသို့မပြောင်းလဲပါက ဤအတိုင်းသာ ဆက်ဖြစ်ပွားနေလိမ့်မည်။
ဟုန်းဂျယ်မင်းကို ပိုကောင်းသည့်လူဖြစ်လာစေရန်ပြောင်းကြည့်နိုင်မနိုင် ကျောင်းသားကြီးကြပ်ရေးမှူးထံ သူမေးကြည့်သည့်အခါ ပြန်ဖြေလာသည့်အဖြေကတစ်ခုတည်းသာပင်။
"ပြုပြင်တာလား၊ အဲ့ကောင်တွေကြောင့်ပြောင်သွားရတဲ့ငါ့ဆံပင်တွေ ပြန်ပေါက်လာမှာကတောင်ပိုမြန်ပါဦးမယ်"
တခြားအကြံများလည်း သူထပ်မရလာခဲ့ပါချေ။ သူသည် နစ်နာသူနှင့်ကျူးလွန်သူကို တစ်နေရာတည်းတွင်ထားနိုင်ကာ နစ်နာသူအားအကာကွယ်ပေးနိုင်ပြီး အခြားသောကျောင်းသူကျောင်းသားများနှင့် အဆင်ပြေပြေရှိနေစေလျက် ပြဿနာကို ကြားဝင်ဖြေရှင်းနိုင်မည့် နည်းလမ်းကို စဥ်းစားဖို့လိုနေခဲ့ပါသည်။ ဂျောင်အွန်းချယ်သည် စားပွဲခုံကိုတတောက်တောက်ခေါက်ရင်း အသေအချာစဉ်းစားကြည့်ပြီးနောက် ပြဿနာ၏အစကိုပြန်ကာကြည့်ရှုနိုင်ရန် အတန်းတက်စာအုပ်ကိုလှန်လိုက်၏။
YOU ARE READING
[Uni]"ဂန်းစတားတစ်ယောက်မှ ကျောင်းသားအဖြစ်သို့"🍃✨️
Teen Fiction//High School Return of a Gangster//🍃✨️ Original name - 조폭인 내가 고등학생이 되었습니다 Original Author - 호롤저자 Status : 120 chapters (completed) Translated from English/Korean to Burmese Sypnosis~ " ငါ့အိမ်မက်က တက္ကသိုလ်တက်နိုင်ဖို့ပဲ" ချီဆောန်းဖားလ် ဂိုဏ်းရဲ့...