မိတ်ဆက်

2.7K 193 8
                                    

Title - After the breakup , I became the Marshal's Wife
English Translator - Kessho_Yuki
Chapter - 197 (Completed)

လုပေါ်ထင်သည် စိတ်စွမ်းအားမြင့်မားလွန်းသူတစ်ယောက်ဖြစ်ကာ ထို့ကြောင့်လည်း စိတ်စွမ်းအားမတည်ငြိမ်မှုများနှင့် ကြုံတွေ့နေရသည်။ယင်းအခြေအနေကိုကုသဖို့ဆိုပါက လမ်းပြသူတစ်ဦးဖြစ်သည့် ကွမ်တန်သားရဲတစ်ကောင်ကသာ ကူညီပေးနိုင်ပေလိမ့်မည်။သူ အသက်ရှည်ရှည်နေရဖို့အတွက် သူနှင့်ကိုက်ညီမည့် ကွမ်တမ်သားရဲတစ်ကောင်ကို ကျသင့်ငွေပေးကာ ငှားရမ်းခဲ့လေသည်။

ဖီးနစ်ငယ်လေးရှီနျဥ်ခမျာ အကြောင်းကိစ္စတစ်စုံတစ်ရာကြောင့် ဆန်ကုန်မြေလေးကောင်၏ ငတုံးရည်းစားကိုယ်ထဲသို့ ကူးပြောင်းသွားခဲ့သည်။သူကူးပြောင်းလာပြီးပြီးချင်း  ဆန်ကုန်မြေလေးကောင်မှ သူ့အား လမ်းခွဲစကားပြောချိန်နှင့် ကြုံကြိုက်သွားသည်။သူ ဘာစကားမှမဆိုဘဲ ဆန်ကုန်မြေလေးကောင်ကို ရေထဲသို့ကန်ချလိုက်ပြီး နောက်သို့တစ်ချက်ကလေးတောင်ပြန်လှည့်မကြည့်ဘဲ မာရှယ်လု၏ယာဉ်ပျံထဲသို့ ဝင်သွား‌ခဲ့သည်။

ကွမ်တမ်သားရဲထားရှိခြင်းသည် သူ့အတွက်အသုံးဝင်ကြောင်း တွေ့ရှိသွားပြီးနောက် နှစ်ဦးသဘောတူစာချုပ်ချုပ်ဆိုခဲ့သည်။ထိုအချိန်တွင် သူသည် ပရော်ဖက်ရှင်နယ်ကျသူတစ်ဦးဖြစ်သော်လည်း အနည်းငယ် မာနကြီးသူတစ်ဦးလည်းဖြစ်သည်။

ဖီးနစ်ငယ်လေးမှာလည်း တာဝန်အရသာ သူ၏နှုတ်မှ မာရှယ်လုအား "သူဌေး"ဟုခေါ်‌ဆိုနေသော်လည်း သူဌေးဖြစ်သူအား သူ၏စားကြွင်းစားကျန်တွေကိုလည်း စားခိုင်းရဲသည်အထိ အတင့်ရဲလေသည်။

များမကြာမီအချိန်အတွင်း မာရှယ်လုမှာ သူ၏နှလုံးသားတစ်ခုလုံး ကြွေကျမြေခရသည်အထိ ဖီးနစ်ငယ်လေးအပေါ်  ချစ်မြတ်နိုးသွားခဲ့သည်။

"အလုပ်ရှင်က အလုပ်သမားအပေါ် ခံစားချက်မရှိစေရ" ဟူသည့်စာချုပ်ပါအကြောင်းအရာကြောင့် သူ့မှာ ရှေ့မတိုးသာ နောက်မဆုတ်သာအခြေအနေနှင့် အခက်ကြုံ‌နေရလေပြီ။ဖြစ်နိုင်လျှင် အခုချက်ချင်း အချိန်နောက်ပြန်ဆုတ်ကာ အတိတ်ကိုပြန်သွားပြီး

"ဟေ့ကောင်....မင်း ဒီစည်းကမ်းချက်ကို ထည့်မချုပ်သင့်ဘူး။အချိန်မှီ နိုးထလိုက်စမ်းပါ"

အတိတ်က သူကိုယ်တိုင် ယင်းစည်းကမ်းချက်ကိုလျှာရှည်ပြီး ထည့်ချုပ်ခဲ့မှုအပေါ် ပြေးပြေးပြီး ရိုက်နှက်ပစ်ချင်နေသည်။

ထိုအချိန် ဖီးနစ်ငယ်လေးရှီနျဉ် ဘာလုပ်နေပါသနည်း? သူ့ဘက် တစ်ချက် သွားကြည့်ရအောင်။

ရှီနျဉ်သည် ဆန်ကုန်မြေလေးကောင်နှင့် ယုတ်မာကောက်ကျစ်သောမိထွေးတို့ကို ဂျေးအောင်းခိုင်းခဲ့သည်။(ထောင်ထဲထည့်တာကို ပြောတာပါ)

ရှီနျဉ်သည် မက်ခါ နှင့်ပတ်သတ်သည့်အွန်လိုင်းရှော့ပင်းတစ်ခုဖွင့်ကာ အသုံးအဆောင်ပစ္စည်းများကို အွန်လိုင်းမှတဆင့်ရောင်းချခဲ့ပြီးနောက် အချိန်ခဏလေးအတွင်း အောင်မြင်လာခဲ့သည်။သူသည် vest အင်္ကျီကိုဝတ်ဆင်ကာ ယင်းအမှတ်တံဆိပ်တီထွင်သူ၏ဖန်တစ်ဦးဖြစ်ကြောင်းကိုပြောကြားပြီး လူတွေကို အရူးလုပ်ခဲ့သည်။

Black fan များ : ရှီနျဉ်ဆိုတဲ့မင်းက တစ်နေ့တစ်နေ့ ဆံပင်ကို ဘယ်လိုသရမယ်။ဘယ်လိုအလှပြင်ပစ္စည်းတွေကို တီထွင်လိုက်ရမလဲဆိုတာပဲ မင်းခေါင်းထဲတွေးနေ။အဲ့ဒီ့အစား ဘာလို့ လူ့အဖွဲ့အစည်းမှာလိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေကို သုတေသနလုပ်ပြီး မတီထွင်လဲ ? မင်းရဲ့အိုင်ဒေါလ်ကိုကြည့်လိုက်စမ်း...သူက လမ်းပြတစ်ဦးဖြစ်ပေမဲ့ စစ်သားတွေကိုတောင် နလန်မထူနိုင်အောင် အနိုင်ချ‌နိုင်တယ်။

ဆိုးဝါးလွန်းတဲ့မှတ်ချက်တွေ‌ ပလူပျံနေချိန်မှာပင် ရှီနျဉ် ရှေ့ထွက်လာကာ သူ့ကိုယ်သူ ဖြေရှင်းချက်မပေး။ချီးကျူးစကားလည်းမဆိုဘဲ  black fanများ၏မှတ်ချက်များနှင့် သူ၏ vest တံဆိပ်ကိုသာ ချီးကျူးဂုဏ်ပြုခဲ့သည်။

များမကြာမီ သူ့အင်္ကျီ မတော်တဆစုတ်ပြဲခြင်းနှင့်ကြုံတွေ့လိုက်ရပြီး ယင်းကပဲ  သူ့ကိုအမြဲတစေ ဆန့်ကျင်နေကြသည့် black fan များကို ကြက်သေသေသွားစေသည်။

သူ၏အမှန်အကန်ဖန်လေးများ ပျော်ရွှင်သွားကြပြီး : ဘာ‌ ? မင်းက မင်းကိုယ်တိုင် မင်းရဲ့ ဖန်အဖြစ်တောင် ပြန်ပြီး ဟန်ဆောင်နေလိုက်သေးတယ် ?  အစ်ကိုရှီက အစ်ကိုရှီပါပဲ။ လူတွေကို ဘယ်လိုလှည့်ဖျားရမလဲဆိုတာ ကောင်းကောင်းကြီးသိနေတယ်။

ဒါလေးကိုပြန်တဲ့သူရှိလားဗျ
မမအဇူး မေးခိုင်းလို့ပါ
အရင်ဘာသာပြန်ထားသူမရှိဘူးဆိုရင် တစ်ပတ် ၁ပိုင်းနှုန်းတင်ပေးပါ့မယ်ဗျ

Edit : Sunday တိုင်း တစ်ပတ် ၁ရက် တင်ပေးပါ့မယ်

ဆန်ကုန်မြေလေးနှင့်လမ်းခွဲပြီးနောက် မာရှယ်ရဲ့ဇနီးလေးဖြစ်လာတယ်Where stories live. Discover now