အခန်း ၁ - ဆန်ကုန်မြေလေးကောင်အား ရေကန်ထဲသို့ ကန်ချခြင်း

718 94 4
                                    


ဆောင်းဦးအကုန် နွေအကူးသို့ရောက်ရှိနေပြီဖြစ်သော်လည်း ရာသီဥတုက အေးနေဆဲ အေးနေမြဲ။ရေကန်ကြီးတစ်ခုရဲ့ဘေးမှာတော့ အဝတ်စိုတွေနဲ့ရပ်နေတဲ့ ရှီနျဉ်က သူ့ရှေ့မှလူကို ဗလာမျက်လုံးတွေနဲ့ ကြည့်နေသည်။

"ရှီနျဉ်...ရှီနျဉ်...ငါတို့ဇာတ်လမ်းက ဒီနေ့ ဒီနေရာမှာပဲ အဆုံးသတ်ပြီ။နောက်ဆို ငါ့ရှေ့ ထပ်မပေါ်လာနဲ့တော့"

မင်းက ဘယ်သူလဲ

ရှီနျဉ်စိတ်ထဲ တွေးလိုက်ခြင်းပင်။

ကနဦးအစက သူသည် ဖီးနစ်တစ်ကောင်ဖြစ်ကာ နတ်ဆိုးလောကရဲ့အသည်းကျော်လေးဖြစ်သည်။ဖီးနစ်ငယ်လေးဘဝတွင်
ဘယ်ဟာအကောင်း ဘယ်ဟာအဆိုးမှန်း သူမသိနားမလည်ခဲ့။အချစ်ခံရသည် မြတ်နိုးခံရသည် မျက်စိအောက်ကအပျောက်မခံနိုင်သည်အထိတန်ဖိုးထားခံရသည်ဟု ထင်ထားခဲ့သမျှက အဖြစ်မှန်ကို မသိခင်အထိပင်။ထို ထိုးနှက်ချက်ကြီးက သူ့အား အတော်လေးတုန်လှုပ်သွားစေခဲ့သည်။

အမှန်တကယ်တော့ သူ့ကိုမွေးသည့်နတ်ဆိုးဘုရင်ကြီးက သူ့ကိုတစ်ချိန်လုံးလှည့်စားနေခဲ့တာဖြစ်ပြီး သူ့အသက်ကိုဆွဲဆန့်နိုင်ဖို့အတွက် သူ့(ဖီးနစ်)ရဲ့နှလုံးသွေးကို စားသုံးရမှာဖြစ်သည့်အတွက် သူ့အား အချိန်ပြည့် အရိပ်တကြည့်ကြည့်စောင့်ရှောက်ခဲ့ခြင်းဖြစ်သည်။

သူသေခါနီးအချိန်မှာ လျှို့ဝှက်ရတနာတစ်ခုကို dungeon ထဲ သယ်လာတဲ့ ပိုင်ရှင်းယွီ လို့ခေါ်တဲ့ လူတစ်‌ယောက်နဲ့ဆုံတွေ့ခွင့်ရတာက မဟာကံကောင်းမှုကြီးပင်။

ပိုင်ရှင်းယွီက သူ့ရဲ့ရတနာကိုအသုံးပြုကာ သူ(ဖီးနစ်)၏နှလုံးကို ကုသပေးခဲ့သည်။သူ့ရဲ့နှလုံးပြန်လည်ကောင်းမွန်ပြီး သူ၏သွေးများ ပြန်လည်ပြည့်တင်းဖို့အတွက် ဆယ်စုနှစ်ကြာအချိန်ယူခဲ့ရသည်။

‌အဆုံးမှာတော့ အတိတ်တုန်းကလိုမဟုတ်တော့ဘဲ လူသားအသွင် ပြောင်းလဲနိုင်ခဲ့သည်။

ဒီနေ့ ဤလောကကြီးထဲ သူရောက်ရှိလာရသည့်အကြောင်းအရင်းက ဒီလောကတွင်ဆက်လက်ရှင်သန်နေရမည့် မူလပိုင်ရှင်ရဲ့ဝိဉာဥ်က ရုတ်တရက်သေဆုံးသွား၍ပင်။

ဆန်ကုန်မြေလေးနှင့်လမ်းခွဲပြီးနောက် မာရှယ်ရဲ့ဇနီးလေးဖြစ်လာတယ်Where stories live. Discover now