အခန်း ၄ - ဘော့စ်က ရက်ရောတယ်

165 30 2
                                    

လုပေါ်ထျင်း - "ဗီဒီယိုကို ပို့လိုက်ရုံပဲလေ...လက်ထောက်တစ်ယောက်အနေနဲ့ ဘာလို့ ဒီလောက်တောင် စိုးရိမ်စိတ်များနေရတာလဲ ?"

လက်ထောက်ရွှယ် စိတ်ထဲ၌ စောဒကတက်လိုက်၏ ။အပြင်မှာတော့ ထုတ်မပြောရဲ။

'လက်ထောက်အလုပ်က အရမ်းအရမ်းကိုမှ အရေးကြီးတဲ့အလုပ်ပါနော်။ဟုတ်ပြီလား...မာရှယ်နဲ့ပတ်သတ်သမျှ မာရှယ်ခိုင်းသမျှအကုန်လုံးကို ကျွန်တော်တစ်ယောက်တည်းကပဲ ဇောက်ချလုပ်ကိုင်နေရတာ။ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ မေတ္တာဂရုဏာလေးနည်းနည်းတော့ပြသင့်တာပေါ့'

ထို့နောက် သူ့တာဝန်ကိုသူ ကျေပွန်စွာထမ်းဆောင်လိုက်၏ ။ဗီဒီယိုကို ရှီနျဉ့်ထံ ပေးပို့လိုက်သည်။

ရှီနျဉ်သည် လက်ထောက်ရွှယ်ပေးပို့လာသော ဗီဒီယိုကိုဖွင့်ကြည့်လိုက်သည်။သူ ထွက်သွားပြီးမကြာ ကျိရိရှင်းအား သူ့သူငယ်ချင်းတွေကယ်တင်နိုင်ခဲ့ကြောင်း တွေ့လိုက်ရလေသည်။

ကျိရိရှင်း၏မျက်နှာပေါ်ရှိ ဒေါသရိပ်လွှမ်းနေသောမျက်နှာဆိုးကြီးကိုကြည့်ပြီး ရှီနျဉ် စိတ်ကျေနပ်ပျော်ရွှင်သွားရသည်။

ဟုတ်သည်...သူသာမက သူ့သူငယ်ချင်းများကပါ အရှက်တကွဲအကျိုးနည်းဖြစ်ခဲ့ရသည်။သူတို့ ဒေါသမထွက်ဘဲ ဘယ်နေလိမ့်မလဲ ? သူတို့တွေက ရှီနျဉ်အား ဆဲဆိုကြိမ်းမောင်းနေကြပြီး ..ထို့နောက်မှာတော့ သူတို့ထဲမှ တစ်ယောက်က ဤကဲ့သို့သော အကြံတစ်ခုထွက်ပေါ်လာသည်။

ရှီနျဉ် ငါးကန်ထဲပြုတ်ကျကာ ရုန်းကန်နေရသည့်မြင်ကွင်းကို ဖိုရမ်တွင်တင်၍ တခြားသူများအား လှည့်စားရန်ပင်။

ရှီနျဉ် ကျစ်သပ်လိုက်ပြီး မရေရွတ်ဘဲ မနေနိုင်ချေ။

"ဘယ်လိုပြောရမလဲ ? မှန်လိုကျင့်ကြံပြီး တခြားသူလုပ်သလိုပြန်လုပ်ပါတဲ့ "

မင်းတို့သိလား...ဒီလိုကိစ္စမျိုးဖြေရှင်းရာမှာ ဒီဖီးနစ်လေးက သိပ်သိပ်တော်။

အပိုစကားတစ်ခွန်းမှမဆိုဘဲ ကျောင်းဖိုရမ်တွင် စာတစ်ကြောင်းသာ ရေးတင်ခဲ့သည်။

ဆန်ကုန်မြေလေးနှင့်လမ်းခွဲပြီးနောက် မာရှယ်ရဲ့ဇနီးလေးဖြစ်လာတယ်Where stories live. Discover now