သစ္စာဆေးရုံ...ရေခဲတိုက်။ မနက်(၇:၃၀)
အေးစိမ့်နေသောရေခဲတိုက်ထဲတွင် အလောင်းနှစ်ခု စင်ပေါ်တွင် လဲလျောင်းနေသည်။ ထိုစင်နှစ်ခုဘေးရှိ
ဖော်မလင်ဆေးဗီရို ကြီးဘေးတွင် လူနှစ်ယောက်၏ အဝတ်အစားများက ပုံလျက်။ ဂျူတီကုတ် အဖြူလေးက သွေးစတစ်ချို့တို့ဖြင့်။ နံရံထောင့်တွင် မိန်းကလေးတစ်ယောက်က တုန်ရီနေသည်။ သူ့ဘေးက မိန်းကလေးတစ်ယောက်က တုန်ရီခြင်းမရှိ။ နှစ်ယောက်လုံးက အဝတ်ဗလာဖြင့်။ တုန်ရီခြင်းမရှိသော မိန်းကလေး၏ ဗိုက်ကြွက်သားများက ထင်းလျက်။ မျက်လုံးများက အပြာရောင်။" ဒီမှာ ငါတို့မနေ့ညက ဖြစ်ခဲ့တာ နှစ်ဦးသဘောတူဖြစ်ခဲ့တာပါ...မသိရင် ငါကပဲ မင်းကို ဇွတ်အနိုင်ကျင့်ခဲ့သလိုနဲ့...မငိုစမ်းနဲ့...အနည်းဆုံး ငါ့ရှေ့မှာမငိုစမ်းနဲ့"
YOU ARE READING
နှလုံးသားတစ်ခုကို ထုဆစ်ခြင်း
Romanceမင်းကိုချစ်မိမှပဲ ငါ့မှာ အသည်းနှလုံးရှိသေးမှန်း သတိထားမိတော့တယ်။