"အစ်ကိုကြီး.......တကယ်လား"
"အင်း"
Laptop screen ပေါ်က အစ်ကိုကြီးရဲ့ မျက်နှာကစိတ်ညစ်နေဟန်အပြည့်။ အစ်ကိုကြီးတင် အဲ့ဒီလိုမျက်နှာထားမျိုးဖြစ်နေတာလားဆိုတော့လည်း မဟုတ်။ 'ဦးဆွေးဆွေးညီ'နဲ့ 'ဒေါ်မွှေးမွှေးကြည်'တို့ မောင်နှမနှစ်ယောက်စလုံးရဲ့ မျက်နှာတွေကလည်း အစ်ကိုကြီး'မင်းထက်ဟန်'လိုပင် ညှိုးငယ်နွမ်းလျလျက်။ အလုပ်တွေမအားလပ်ကြသည့်ကြားက မိသားစုတွေအရေးပေါ် Video Call ခေါ်ပြီး ဆွေးနွေးရတဲ့အထိဖြစ်အောင် အခြေအနေတွေကိုဖန်တီးလိုက်သူက ဆွေးရဲ့တစ်ဦးတည်းသောတူလေးသာ။
မိဘတွေဖြစ်တဲ့ ဦးမင်းထက်ဟန်နဲ့ ဒေါ်မွှေးမွှေးကြည်တို့ကလည်း တစ်ဦးတည်းရှိသောသားကလေးမို့ လိုသည်ထက်ပို၍အလိုလိုက်ကြရာမှ တူလေးက ခုတော့ထိန်းရခက်လောက်အောင်ပင်ဆိုးသွမ်းနေပြီ။ တကယ်တော့ ဆွေးကိုယ်တိုင်ကလည်း အစ်ကိုကြီးတို့နှင့်မထူးမခြားနားပေ။ တူဆိုပေမယ့်ကိုယ့်သားအရင်းလိုသဘောထားကာ တူလေးသဘောကျ အရာရာကိုဖြည့်ဆည်းပေးနေမိသူဖြစ်သည်။
ခုတော့ ဆွေးတူလေးက ဆိုးတာထက်ပိုပြီး စည်းကမ်းမဲ့စွာဆိုးသွမ်းနေပါတော့သည်။ ဒီအကြောင်းကို မမဆီကစကြားရတုန်းက ဆွေး ကိုယ့်နားကိုတောင်မယုံနိုင်။ မမကို ဟုတ်မဟုတ်ပြန်မေးမိတာကလည်း အခါခါပင်။ အခုလည်း အစ်ကိုကြီးပြောတာတောင် သူ့မှာလက်ခံဖို့ခဲယဉ်းနေသေး။
"သေချာလို့လား အစ်ကိုကြီးရာ။ 'အနမ်းလေး'ကို မနာလိုတဲ့သူတွေက တမင် သတင်းလွှင့်တာဆိုရင်ရော။ ခုခေတ်ကလေးတွေက အချင်းချင်းမနာလိုချောက်ချတာတွေကခပ်ပေါပေါရယ်။"
"'ဆွေး'ပြောတာလည်း ဖြစ်နိုင်တာပဲ 'ဟန်'ရယ်။'မွှေး'တို့သားလေးက ဆိုးသာဆိုးတာပါ အဲ့လောက်ထိတော့ မလုပ်လောက်ပါဘူး။"
"အကိုလည်း မယုံနိုင်လို့ ဆေးအကြိမ်ကြိမ်စစ်ကြည့်ခိုင်းပြီးပြီ။ ခုဟာက..ဟင်း...."
အစ်ကိုကြီးရဲ့ သက်ပျင်းသံအဆုံး ဆွေးတို့မောင်နှမနှစ်ယောက်လည်း သက်ပျင်းကိုယ်စီချရပြန်သည်။
"သူ့ခေတ်နဲ့သူ လွတ်လွတ်လပ်လပ်နေပါစေဆိုပြီး ကိုယ်တို့လွှတ်ပေးထားမိတာကများမှားသွားလားပဲ။ 'နမ်းရှိုက်ဟန်'ကို ဒီလောက်ထိ စည်းမဲ့ကမ်းမဲ့နိုင်လိမ့်မယ်လို့ ကိုယ်လည်းမထင်ထားဘူး။ ခုဟာက ပတ်ဝန်းကျင်ကြောင့်ပဲပြောပြော ဘာပဲပြောပြော သူကိုယ်တိုင်ကိုက လက်ခံလုပ်ဆောင်ခဲ့တာလေ။ ဒီကောင်လေးက အပျော်တွေလုပ်ရင်း ခုတော့အပျက်တွေပါလာပြီ။"
YOU ARE READING
My Strange Husband (သို့) နေခြည်အေးအားနမ်းရှိုက်ခြင်း
Romanceမိဘတွေ အတင်းပေးစားလို့ လက်ထပ်လိုက်ရသူနဲ့ သူငယ်ချင်းအရင်းကြီးရဲ့ အကျက်ကိုင်မှုကြောင့် လက်ထပ်လိုက်ရသူတို့ နှစ်ယောက်တစ်ကမ္ဘာတည်ရတဲ့အခါ အခြေအနေတွေက ဘယ်လိုတွေဖြစ်လာမလဲ။ လက်ထပ်ပွဲထဲရောက်မှ တစ်ယောက်ကိုတစ်ယောက် ပထမဆုံးမြင်ဖူးကြတဲ့သူတို့ရဲ့ကံကြမ္မာကရော ဘယ်လိ...