သနားစရာ MSH၏ ဘဝအစ

175 2 1
                                    

{{ သက္ကရာဇ်နောင် တစ်ယောက် MSH ကို အခန်း ၃အထိ တင်ပြီးသွားတည်းက ယခုအချိန်ထိ အရူးတစ်ယောက်လိုမြောက်စွမြောက်စွဖြစ်နေသည်။ ထိုသို့ဖြစ်နေရသည့်အကြောင်းမှာ တခြားတော့မဟုတ် ထပ်လာမည့်အခန်းအတွက် ရေးသင့်၊မရေးသင့်ကိုတွေးဆနေခြင်းဖြစ်သည်။

Mysterious ဆန်ဆန် အရာတွေကိုကြိုက်နှစ်သက်လွန်းသူ‌ဖြစ်သဖြင့် ကိုယ်တိုင် လျှို့ဝှက်ဆန်းကြယ်သူတစ်ဦးလိုနေထိုင်ရန် အကြိမ်ကြိမ်ကြိုးစားကြည့်နေမိသော်လည်း အမေ့ဗိုက်ထဲမရောက်မှီကတည်းက သက္ကရာဇ်နောင်ဆိုတဲ့အရာက ခုန်ဆွခုန်ဆွနှင့်အငြိမ်မနေသည့် ဗီဇကရှိပြီးသားမို့ စိတ်ကူးနဲ့လက်တွေ့ကတခြားဆီသာ။ ဒီတစ်ကြိမ်လည်း အခန်း ၄အတွက် ရေးသင့် မရေးသင့်ကို ရိုးရိုးမတွေးနိုင် တစ်အိမ်လုံးကိုအနှံ့ပြေးလွှားလိုက် ဖားလိုခုန်ဆွ၊ခုန်ဆွသွားလိုက် Cat walkတွေလျှောက်လိုက်နှင့် အများသူငါရဲ့စက္ခုအာရုံတွေကို ကိုယ်ပိုင်ကြိုးစားအားထုတ်မှုမပါပဲ Auto စိတ်ဆင်းရဲခြင်း Mood သို့ ပြောင်းရွှေ့ပေးနေသည်။ ထိုအရာသည်လည်း သက္ကရာဇ်နောင်၏ မွေးရာပါ စွမ်းရည်ပင်ဖြစ်၏။

မနေ့ညတည်းက ဗြာများနေသူက ယနေ့ညအိပ်ယာဝင်ခါနီးသည့်တိုင် စိတ်ဆုံးဖြတ်မရသေး။ MSHကို မရေးခင် အစကတွေးထားသည်က ဒီအကြောင်းကို ဇာတ်လမ်းအလည်လောက်မှ ထည့်ရန်ဖြစ်သည်။ ဇာတ်ကိုလည်း ရသစုံအောင်လေပြင်းလေးနည်းနည်း‌ပါစေချင်ခဲ့သည်။ သို့သော် အခန်း-၁ စရေးတည်းက သက္ကရာဇ်နောင်တစ်ယောက်၏ သဘောကျ ပြုသမျှနုရတော့သည့် MSH လေးတွင် လေပြင်းတို့တိုးပေါက်ဝင်ရောက်ရန် အပေါက်ရှာ၍မတွေ့ဖြစ်သွားရသည်။

ဗြာများနေတဲ့စိတ်နဲ့ အိပ်ယာဝင်လို့မဖြစ်တာက‌တစ်ကြောင်း၊ တစ်နေကုန်အများမျက်စိဆံပင်မွေးဆူးအောင်နေခဲ့မိတာကတစ်ကြောင်းကြောင့် မလုပ်ချင်ပေမယ့် ဒီတန်ခိုးကြီးနည်းလမ်းနဲ့သာ ရွေးချယ်မှုကိုလုပ်ရတော့မည်။

ညနေဆောင်းနေရောင်သည် မိုးသားတိမ်တိုက်တို့ကြားမှ ဖြတ်သမ်းကာ သက္ကရာဇ်နောင်၏ အခန်းထဲသို့ ပြတင်းတံခါးမှ နေ၍ ကျူးကျော်ဝင်ရောက်နေသည်။ နေရောင်ကျရောက်နေသည့် ပြတင်းပေါက်အရှေ့နားတွင်တော့ စားပွဲခုံပုလေးတစ်လုံးချထားသည်။ လူတစ်ယောက်သည် အထက်ပါတန်ခိုးကြီးနည်းလမ်းကို အသုံးပြုရန် ပြတင်းပေါက်ကိုမျက်နှာချင်းဆိုင်လျက် ခုံ‌ပုလေးရှေ့တွင် ကျနစွာထိုင်နေသည်။

My Strange Husband (သို့) နေခြည်အေးအားနမ်းရှိုက်ခြင်းWhere stories live. Discover now