War

317 27 14
                                    

ဒိုင်း !!!

သေနတ်သံရဲ့ တဆုံးမှာ လဲကျသွားတဲ့ လူတစ်ယောက်။

လူတွေ အားလုံး ရုတ်ရုတ်သည်းသည်း ဖြစ်သွားကြပေမယ့်လို့ ထို သေသူ အနား ဘယ်သူမှ မသွားရဲကြသလို ဘာမှ မဖြစ်သလို လမ်းသာ ဆက်လျှောက်နေကြဆဲ။

ဂျပန်စစ်သား တချို့သာ ထိုအလောင်းနား ရှိနေပြီး စစ်ဆေးမှုတောင် မလုပ်ဘဲ အလောင်း တန်းကောက်ကာ လှည်းပေါ် တင်နေလေပြီ။

ကိုယ့်အဖွဲ့က လူ။ နိုင်ငံအတွက်၊ တော်လှန်ရေးအတွက် အသက်ပေးသွားတဲ့သူကို အလေးပြုခွင့်တောင် မရှိ။

လမ်းဖြတ်လျှောက်ရင်း မြင်လိုက်ရတဲ့ မြင်ကွင်းမှာ ကိုယ့်ရဲဘော် ဖြစ်နေလည်း အရေးတယူ လုပ်ပိုင်ခွင့် မရှိ။

°❀•°✮°•❀°

"ဒီနေ့ မြင်ကွင်းကို သေချာ မှတ်ထား"

ဝွန်ဘင်းက စားပွဲထိပ်မှာ လက်ထောက်ရပ်ရင်း ရဲဘော် တစ်ယောက်ချင်းဆီတိုင်းနဲ့ အကြည့်ချင်း စုံနေမိသည်။

"ဒါ သစ္စာရှိတဲ့ ရဲဘော်တို့ရဲ့ လမ်းစဉ်ပဲ။ နိုင်ငံအတွက် လူမျိုးအတွက် အသက်ကို ပေးဆပ်သင့်ရင် ပေးဆပ်ရမယ်"

ပတ်ဝွန်ဘင်း။ တော်လှန်ရေး အဖွဲ့တွေထဲက 'မဟော်ဂနီ' အဖွဲ့မှာ သူ့ထက် တော်တဲ့သူ ဘယ်သူမှ မရှိ။ ဥာဏ်ကောင်းသည်။ စေ့စပ်သည်။ ကွက်ကျော်ရိုက်နိုင်သည်။

သို့သော် အင်အားချင်းက မမျှသည်မို့ ဝွန်ဘင်းတို့ချည်းပဲ ဒီဂျပန်တွေကို တိုက်ထုတ်နိုင်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်။

ဒါအပြင် ဂျပန်ဘက်မှာ နေနေတဲ့ ခွေးကပ်ပါးတွေလည်း ရှိနေသည်လေ။ ထိုကပ်ပါးတွေကပါ ပြန်သူလျှိုထည့်တတ်မှုကြောင့် အဖွဲ့တစ်ခု မဟုတ် တစ်ခုမှာ အမြဲ ပြဿနာ ကြုံရင်း ရဲဘော်တွေ အသက်ပေးနေရတာ ကြာလာတော့ ဆန်းကြယ်တဲ့ ကိစ္စ မဟုတ်တော့ပေမယ့်လည်း ဝွန်ဘင်း အနေနဲ့ အဖွဲ့သား တစ်ယောက်ချင်းစီတိုင်းအတွက် ရင်နာရသည်။ ခံစားရသည်။

°❀•°✮°•❀°

"စစ်မေးဖို့ လိုက်နေတုန်းမှာပဲ သတ်သေသွားတာမို့ ကျွန်တော်တို့ ဘာမှ မလုပ်နိုင်လိုက်ပါဘူး"

"ဒီကောင်တွေ ဒီအချိုးပဲ ချိုးမယ် ဆိုတာ ငါ သိပြီးသား"

အရာရှိ ဖြစ်သူကတော့ သောက်လက်စ ဆေးပြင်းလိပ်ကို ပြာခွက်မှာ ထိုးချ မီးသေစေပြီး နောက်မှီခုံကို ပစ်ထိုင်လိုက်တော့သည်။

"ဒါပေမဲ့ သိလိုက်ရတာကတော့ တော်လှန်မှုတွေတော့ ဒီရက်ပိုင်း နေရာတိုင်းမှာ ဖြစ်လာနိုင်ချေ ရှိပါတယ်"

"အဖွဲ့အင်အား တော်တော်တောင့်လာပုံပဲ။ သတ္တိကောင်းနေလိုက်တာ"

"သူလျှိုအသစ်ဆီက သတင်း ထပ်ရရင် ထပ်တင်ပြပါ့မယ်"

အပြောနဲ့အတူ ထွက်သွားတဲ့ ဂျပန်စစ်သားကို လိုက်ကြည့်ပြီးမှ ဆောင်းချန်လည်း ဆေးပြင်းလိပ် နောက်တစ်လိပ်ကို ယူကာ မီးထပ်ညှိပြီး ရှိုက်သွင်းလိုက်တော့သည်။

ဂျောင်ဆောင်းချန်။ ဂျပန်တွေ ဝင်စီးနင်းကတည်းက ဂျပန်တွေဘက်ကို စည်းစိမ်ဥစ္စာအရှိန်နဲ့ ဝင်ပါပြီး အရာရှိ နေရာ ရလာခဲ့သူ။

ဘယ်သူ့စီးပွါး ဘာဖြစ်ဖြစ်ပါ။ ကိုယ့်တစ်ဖို့ကိုပဲ ကြည့်တတ်တဲ့ ဆောင်းချန်လို လူမျိုးအတွက် ဒီလို ဂျပန် ကပ်ပါး ဖြစ်ရလည်း အမြင့်ဆုံး အရာရှိ အရာခံနေရာ ရထားတာမို့ သူ့အတွက် ဆုတ်ယုတ်တာ ဘာမှ ရှိမနေ။

ဒါကြီးက မှားနေတယ် လို့ လာတရားချရင်တောင် ဂျောင်ဆောင်းချန်လို ကောင်က သိသိကြီးကို မှားနေတာ ဆိုတဲ့ ကောင်မျိုး။

°❀•°✮°•❀°

War FlowerWhere stories live. Discover now