184 23 34
                                    

ဆောင်ကြာမြိုင်ဆီကို ဝွန်ဘင်းတို့ စုံစမ်းခိုင်းလိုက်သည့် လူတိုင်း အဖွဲ့ဆီ ပြန်မရောက်သလို ဘာသတင်း အစအနမှလည်း ပြန်မကြားရတာမို့ အနည်းငယ် အကျပ်ရိုက်နေပြီ။

ဒီနေရာမှာပဲ ရပ်နေလို့ မဖြစ်။ လုပ်ရဦးမယ့် အစီအစဉ်တွေက အများကြီး ရှိနေသေးသည်။

ဝွန်ဘင်း မြေအောက်က ရုံးခန်းထဲမှာ ထိုင်ကာ သတင်းပို့ဖို့အတွက် ဆောင်းပါးကို လက်နှိပ်စက်နဲ့ တတောက်တောက် ရိုက်နေမိသည်။ လိုအပ်နေတာ ဆောင်ကြာမြိုင်က သတင်းက အဓိက။

≪ °❈° ≫

ဂျောင်ဆောင်းချန်တစ်ယောက် သူ စုံစမ်းခိုင်းထားတဲ့ ကိစ္စတွေက များပြားကာ စိတ်ဖိစီးနေမိတာတော့ အမှန်။

တော်လှန်ရေးကိစ္စတွေ၊ ဘုရင်ခံ လာမည့် ကိစ္စတွေ။

ကိစ္စတွေက တစ်ခုပြီး တစ်ခု ဆက်တိုက် ဖြစ်နေကာ ဆောင်းချန်လို အနေအထားနဲ့တောင် တော်တော်လေး ကြိုးစား ထိန်းနေရသည်။

တော်လှန်ရေးတွေက ပိုကျယ်ပြန့်လာသလို နေရာတိုင်းမှာ တစ်စ၊ တစ်စ ဆန္ဒပြမှုတွေကလည်း ပြန်စလာသည်။ ဆောင်းချန်အနေနဲ့ ဒါတွေကို သူ မနှစ်မြို့။

အေးဆေးနေလို့ ရနေတဲ့ ကိစ္စကို ပြဿနာ ရှာချင်တဲ့ ဟာတွေ။

လောလောဆယ်တော့ တစ်ကောင် မိထားတယ် ဆိုတာကြောင့် ဆောင်းချန်လည်း ထောင်ဆီကို ကိုယ်တိုင် ရောက်လာခဲ့ပြီး စစ်ဆေးခန်းထဲ ဝင်လာလိုက်တော့ ခုံမှာ လက်ပြန် ကြိုးချည်ခံထားရတဲ့ ကောင်တစ်ကောင်။

ဘေးက တပည့်ပေးတဲ့‌ ရေတစ်ခွက်ကို ယူကာ ငိုက်ကျနေတဲ့ မျက်နှာကို အောက်ကနေ ဦးတည် ပက်လိုက်တော့ ဝူးဝါးဖြစ်ကာ မော့လာတဲ့ မျက်ခွက်။

ထိုးကြိတ်ခံထားရလို့ တော်တော်လေးလည်း စုတ်ပြတ်နေပြီ ဖြစ်သလို ဖူးရောင်ကာ လူရုပ်တောင် မထွက်ချင်။

ဆောင်းချန် ထိုကောင်ရဲ့ ဆံပင်တွေကို ဆုပ်ကိုင်လိုက်ကာ ဆွဲမော့ထားလိုက်တော့သည်။

"မင်းတို့ အကြံအစည်တွေ ဘာတွေ ရှိနေတာလဲ ပြောစမ်း"

War FlowerDove le storie prendono vita. Scoprilo ora