"ခေါင်းဆောင် ဘယ်ရောက်သွားတာလဲ"
"မသိဘူး ရုတ်တရက်ကြီး ပျောက်နေပြီ"
"ခေါင်းဆောင်က ခေါင်းရှောင်နေပြီ ထင်တယ်"
"ခေါင်းဆောင် မရှိလဲ ငါတို့ အစီအစဉ်တွေအတိုင်း လုပ်စရာ ရှိတာ ဆက်လုပ်မယ်!!"
ညာလက်ရုံး ဖြစ်သူရဲ့ စကားသံမှာ အကုန်လုံး တစ်ယောက် တစ်ပေါက်ဆီ ပြောနေရင်းက ငြိမ်ကျသွားတော့သည်။
"ခေါင်းဆောင် ဆွဲပေးထားခဲ့တဲ့ အစီအစဉ်တွေက တစ်ခု၊ နှစ်ခုတည်း ဟုတ်မနေဘူး။ အဲ့တော့ သူ မရှိလည်း ငါတို့က သူ့အစီအစဉ်တွေကို ဆက်လုပ်သွားရုံပဲ"
လူအုပ်ကို ငြိမ်အောင် ထိန်းပြီးတဲ့နောက် အစည်းအဝေးကို အမြန် ပြီးစေလိုက်ကာ ညာလက်ရုံးကတော့ စားပွဲပေါ် ထိုင်ရင်း ခေါင်းကုတ်နေမိပြီ။
ခေါင်းဆောင် ဘယ်ရောက်သွားတာလဲ ရုတ်တရက်ကြီး။
≪ °❈° ≫
ဝွန်ဘင်းအနေနဲ့ ဒီအိမ်ကြီးထဲကနေ ထွက်ပြေးချင်တာတောင် လှုပ်မရနိုင်တဲ့ အနေအထား ဖြစ်နေခဲ့ပြီ။ သူ့ရှေ့မှာတင် လူတွေ သေသွားခဲ့တာ မဟုတ်လား။
အခန်းထဲမှာ ဘာလုပ်ရမလဲပဲ ထိုင်တွေးနေမိရင်း လာပေးတဲ့ မနက်စာ၊ နေ့လည်စာနဲ့ ညစာတွေကို နည်းနည်းတောင် မထိထား။
ဂျောင်ဆောင်းချန် လုပ်ထားတဲ့ ခြေထောက် ဒဏ်ရာကလည်း လောလောလတ်လတ်ဆိုတော့ အောင့်သက်သက်မို့ လူက ထော့ကျိုးဖြစ်နေသေး။ နက်အောင် ဖောက်မဝင်သွားတာပဲ ကံကောင်းလှပြီ ဆိုရမည်။
ညနက်လောက်မှ အခန်းထဲကို လူတစ်ယောက်နဲ့ အဒေါ်ကြီး တစ်ယောက် ဝင်လာကာ သူ့ကို ကိုယ်လက် သန့်စင်ဖို့ ပြောနေတာမို့ နှာခေါင်းရှုံ့ကာ အဖတ်မလုပ်သလို ထိုင်နေပေမယ့် ထိုလူ အနားရောက်လာကာ သူ့ကို ရေချိုးခန်းထဲ ဆွဲခေါ်လေသည်။
"ဟ! ဘာလုပ်တာလဲဗျ!! လွှတ်"
"အရာခံက ရေချိုးသန့်စင်ပေးခိုင်းထားဖို့ မှာထားလို့ပါ"
အဒေါ်ကြီး အပြောကို ဝွန်ဘင်း လက်မခံနိုင်သလိုနဲ့ သူ့ကို ဆွဲထားတဲ့ လူရဲ့ လက်ထဲကနေ လွှတ်အောင် ရုန်းကန်နေလိုက်မိသည်။ အင်အား မမျှပေမယ့်လို့ ဝွန်ဘင်းက ခေသူ မဟုတ်တာကြောင့် လက်တစ်ဖက်က ထိုလူလက်ဖျံကို ဖြတ်ရိုက်လိုက်ကာ ရုန်းထွက်လိုက်တော့သည်။
YOU ARE READING
War Flower
FanfictionFlower which called 'love' grows through the war, can it be survive till the end? Jung Sungchan x Park Wonbin