❗ WARNING ⚠️ abuse❗
ခြံဝင်းလေးထဲကနေ သတင်းစာတွေ ယူပြီး အပြင်ဘက်မှာ ရှိနေတဲ့ စက်ဘီး ရှေ့ခြင်းလေးထဲကို ထည့်ကာ မနက်စောစော သတင်းစာ ပို့ဖို့ အတွက် ကောင်လေးတစ်ယောက် ထွက်လာလေရဲ့။
သူ့လုပ်ငန်းစဉ်အတိုင်း သတင်းစာတွေကို မြို့ပတ်ဝေတယ်၊ လက်ဖက်ရည်ဆိုင် ထိုင်တယ်၊ အိမ်ပြန်တယ်။
ရိုးရှင်းလှတဲ့ ဘဝကို နေနေတဲ့ ဒီကောင်လေးက ဂျောင်ဆောင်းချန်အတွက်တော့ မျက်စိဆံပင်မွှေးစူးချင်စရာ။
လက်ရုံးတပည့် ပြောပြမှုတွေကို မယုံတာမို့ အရပ်ဝတ်နဲ့ ရုပ်ဖျက်ကာ ကိုယ်တိုင် လိုက်စုံစမ်းကြည့်မိတော့လည်း တကယ်ကိုပဲ ပြောပြထားသည့်အတိုင်းမို့ ဆောင်းချန် ပိုစိတ်နှောင့်ရသည်လေ။
ဒီလို အေးအေးချမ်းချမ်းဘဝကို နေနေတဲ့ သူက ဒီလောကကြီးမှာ ရှိနေသေးတယ်တဲ့လား။
ရုံးခန်းကို ပြန်ရောက်တာနဲ့ ခုံမှာ ဝင်ထိုင်လိုက်ကာ ဂျောင်ဆောင်းချန် မျက်နှာပေါ်မှာတော့ အလိုမကျမှုတွေ နေရာယူလို့။
ထိုအချိန် စာရွက်စာတမ်းတွေ ကိုင်ကာ ဝင်လာတဲ့ ညာလက်ရုံးက ဆောင်းချန် မျက်နှာကို ကြည့်ရုံနဲ့ သဘောပေါက်လို့ ထင်သည်။ ချက်ချင်းဆိုသလို ထိုကောင်လေးအကြောင်းကို စတင်ပြတော့တာ။
"ကောင်လေး နာမည်က ပတ်ဝွန်ဘင်းပါ။ မိဘမဲ့။ ကျောင်းက လက်မခံတော့ထဲက အပြင်မှာ အိမ်ငှားနေရင်း သတင်းစာ ဝေတဲ့ အလုပ်နဲ့ပဲ စားသောက်နေတာလို့ သိရပါတယ်။ မိဘမဲ့ဆိုတော့ အကြောင်းအရာတွေကလည်း ထွေထွေထူးထူး ရှိမနေပါဘူး"
"ကောင်းတယ်။ မိဘမဲ့ဆိုတော့ ငါ့အတွက်လည်း ပိုလွယ်တာပေါ့"
"ကျွန်တော် ဘာတွေ စီစဉ်ထားလိုက်ရမလဲ"
"လောလောဆယ်တော့ လွှတ်ပေးထားလိုက်ဦး။ ငါလည်း အလုပ်များနေသေးလို့ အဲ့ဘက်ကို အာရုံစိုက်နိုင်ဦးမှာ မဟုတ်ဘူး"
ဂျောင်ဆောင်းချန် လက်လှမ်းရင်း တပည့်ဖြစ်သူဆီက စာရွက်တွေကို ယူလိုက်ပြီးတော့ တစ်ခုချင်းစီ စစ်ဆေးနေလိုက်တော့သည်။
![](https://img.wattpad.com/cover/372287013-288-k994352.jpg)
YOU ARE READING
War Flower
FanfictionFlower which called 'love' grows through the war, can it be survive till the end? Jung Sungchan x Park Wonbin