🪻Part(2)🪻

111 9 0
                                    

🪻🪻🪻
"သွားကြမယ်လေ... ဟိုကို ညနေခင်းဘက် ရောက်ဖြစ်မှာဆိုတော့ မနက်ဖြန်နံနက် တောင်းရမ်းကြမှာ... "

မြစ်ကြီးနားကို ကားနဲ့ အရင်သွားကြတဲ့သူတွေက မနေ့ညနေကတည်းက ကြိုသွားကြပြီမို့ သူမတို့က ဒီနေ့နေ့လည် လေယာဉ်နဲ့ သွားကြမည်ဖြစ်သည်။ မပျော်နိုင်ဘဲ သုန်မှုန်ကာ တရွတ်တိုက်သလို အနောက်ကနေ ပါလာသူက သတို့သားလောင်းကြီး ခန့်ဖြိုးပိုင်။ ဘေးက သူငယ်ချင်းတွေကလည်း ငြိမ်ကုတ်ကာ ပါလာကြသည်။ barကနေ ပြန်လာပြီး တစ်ပတ်အတွင်း ပြောင်းလဲသွားတဲ့ ဘဝကြီးကို မယုံသလိုဖြစ်နေတာ အိပ်ရာနိုးခါစ လူတစ်ယောက်လိုပင်။ မေမေကတော့ ကျေနပ်ပြုံးကြီးနဲ့ ညီမဖြစ်သူနဲ့ အဖေကပါ တပြုံးပြုံး။ မပြုံးနိုင်သူက ကာယကံရှင်ကြီး။

"မျက်နှာထားကို ပြင်ထားနော်။ မြစ်ကြီးနားရောက်တာနဲ့ အဲ့မျက်နှာထား မတွေ့ချင်ဘူး။ သမီးပန်းကို အားနာဖို့ ကောင်းတယ်။ "

တပန်းပန်းနဲ့ ပါးစပ်ဖျားက မချရအောင် သူနဲ့လက်ထပ်မဲ့ မိန်းကလေးက မေမေ့အသဲစွဲ။ တစ်ခါမှတော့မမြင်ဖူး။ မာမီ့ပုံစံက ဆေးရုံဆင်းခါစလူနဲ့တောင်မတူ တက်ကြွနေလေသည်။ ဘေးက သူငယ်ချင်းနှစ်ယောက်ကလည်း အလိုက်တသိနဲ့ ဘာသံမှမထွက်။ သူ့မှာ အသည်းကွဲတာတောင် တရားဝင်ကွဲခွင့်မရ။ ‌မျက်စိဒေါက်ထောက် လိုက်ကြည့်နေတဲ့ မယ်တော်နဲ့ ညီမတော်တို့ရှိနေသည်။

မန္တလေးလေဆိပ် တံတားဦး‌ကို ရောက်လာတော့ သက်ပြင်းအသာချနေမိသည်။ ဒီလောက်အမြန်ကြီး အကောင်ထည်ဖော်နိုင်တဲ့ မိခင်ဖြစ်သူကို တကယ်မလေးစားဘဲ မနေနိုင်။ ဘယ်တုန်းကတည်းက စီစဉ်ထားမှန်းမသိ။ ကောက်ကာငင်ကာမှ သိလိုက်ရတာမို့ shockရလို့ မပြီးနိုင်မစီးနိုင်သေး။

🪻🪻🪻
လွန်ခဲ့သော တစ်ပတ်ခန့်။

"ရွေး... ငါနဲ့ မိုးဆိုတဲ့ နင့်ချစ်သူကို တစ်ယောက်ပဲရွေး..."

"မေမေ...."

"အေး ဟုတ်တယ် ငါက နင့်ကို မွေးထားတဲ့အမေ...."

ရုတ်တရက်ကြီး ပြောလာသည့် မေမေ ကြောင့် မနေ့က သောက်ထားလို့ အရက်နာကျပြီး ခေါင်းကိုက်နေတာတောင် ပျောက်သွားသည်။ နံနက်သူထလာခါစမှာ နောက်အပတ်မိန်းမယူရမယ်ဆိုတဲ့ စကားကြောင့် စနေတယ်လို့တောင် ထင်မိသည်။ အဖေကပါ ဝင်ပြောလာတော့ တကယ်ပြောမှန်းသိလိုက်သည်။

Reason Where stories live. Discover now