🪻Part(1)🪻

464 13 5
                                    

🪻🪻🪻
"ဘယ်ချိန်မိတ်ဆက်ပေးမလဲနော် နင်တို့တွဲတာ တစ်နှစ်ကျော်ပြီမလား။ "

ညိုတစ်ယောက် မကျေမနပ်နဲ့ လဲ့လဲ့ကို ကွိုင်ရှာနေပြီ။ ညိုနဲ့လဲ့လဲ့က ညီအစ်မဝမ်းကွဲလဲတော်ကြတော့ ပြောမနာဆိုမနာတွေ။

"ကိုက လက်ထပ်ချင်ပြီတဲ့။ ငါ့အိမ်ကလူတွေနဲ့ မတိုင်ပင်ရသေးဘူး။ ပြီးတော့ သူနဲ့ငါက တစ်မြို့စီ သူ့မိဘအကြောင်း ငါမသိသလို ငါ့မိဘအကြောင်း သူမသိဘူးလေ။ "

"အစောကြီးလက်ထပ်မလို့လား။ ငါတို့တောင် နင့်ရည်းစားကို မမြင်ဖူးဘူး။ နင့်ပို့စ်မှာပဲ မြင်ဖူးတာ။ နင့်စိတ်ကို ပြန်မေးကြည့်ပေါ့။ သူနဲ့လက်ထပ်ချင်လားဆိုပြီး... ဟုတ်တဲ့မလား.... မိပန်း.... အမ်...."

"ခစ်.....ခစ်...."

ညိုက သူ့စကားကို ထောက်ခံလားဆိုတဲ့သဘောနဲ့ သူ့ဘေးက မိပန်းကို မေးတော့ ဟိုက အစားသာငုံ့စားနေ၍ ဘာမှမသိ။

"မိပန်း... နင် ငတ်ကြီးကျနေတာပဲ... ခဏနေမှ စားစမ်းပါ ..."

"နင်ကလည်း အိမ်မှာဆို ငါ့အမေက အပြင်စာပေးမစားဘူး။ နင်တို့နဲ့လာမှ အဝစားရတာ။ ငါ့ကို အလုပ်သွားရင်တောင် အပြင်စာမစားဖို့ မှာနေတာ။ "

"အေးပါ။ မားမားဂဲလ်ကြီးရဲ့။ "

"ခစ်ခစ်..."

"မဖဲ့စမ်းပါနဲ့ ကိုယ့်သူငယ်ချင်းကို "

ညိုက ပန်းကို မျက်စောင်းထိုးနေပြီး လဲ့လဲ့ကတော့ သဘောကျစွာ ရယ်နေသည်။ ညို၊လဲ့လဲ့နဲ့ ပန်းတို့က တစ်ရပ်ကွက်တည်းအတူနေကြပြီး ငယ်ကတည်းက သူငယ်ချင်းတွေ။ ညိုနဲ့လဲ့လဲ့က လွတ်လွတ်လပ်လပ်နေကြတဲ့ type တွေဆိုပေမဲ့ ပန်းကတော့ မိဘတွေရဲ့ ပုံစံခွက်ထဲကနေ ကြီးပြင်းနေရသူ။ သူတို့နှစ်ယောက်နဲ့ဆိုရင်တော့ ငယ်သူငယ်ချင်းတွေမို့ အပြင်အတူထွက်ခွင့်ပေးသည်။ မေမေတို့က ကလေးတုန်းကလို အများကြီးမပြောတော့ဘဲ သမီးကိုယုံလို့ဆိုတဲ့ စကားသာပြောသည်။ ထိုစကားကြောင့် ပန်းကတော့ မေမေတို့ သဘောမကျတဲ့ဟာဆို လုံးဝမလုပပ်ရဲပေ။ စကားတစ်ခွန်းက အရမ်းအစွမ်းထက်နေသလိုပင်။

"နင်လေ နင့်မိဘစကားကို အကုန်နားထောင်ပေမဲ့ အစားနဲ့ပတ်သက်ရင် လစ်သလို စားတာနော်။ မပြောလိုက်ချင်ဘူး။ သမီးအလိမ္မာလေးရဲ့..."

Reason Where stories live. Discover now