🪻🪻🪻
နှစ်ထပ်အိမ်ကြီးက အရမ်းမကြီးပေမဲ့ ထည်ဝါမှုတစ်မျိုးရှိနေသည်။ မေပန်းစံတို့ အသိုင်းဝိုင်းက သူထင်နေသလို ဒိတ်ဒိတ်ကြဲကြီးမဟုတ်။ ဘယ်လိုပြောရမလဲဆိုတော့ ပညာတတ်အသိုင်းဝိုင်း။ ဂုဏ်သတင်းချမ်းသာတာပေါ့။ ထိုမိန်းကလေးကတော့ လုပ်ယူထားသည်မဟုတ်ဘဲ တကယ်ပစ်ချက်ရှာဖို့မလွယ်တဲ့အထိ perfect ဖြစ်နေသည်။ အဲ့တာကြောင့် ကိုယ့်မိဘတွေ သဘောကျကြတာ။"ကိုခန့်... ထမင်းစားဖို့ လူကြီးတွေ လာခေါ်ခိုင်းလိုက်လို့..."
အသံချိုချိုလေးနဲ့ နားဝင်အေးလှသည်။ မေမေနဲ့ ညီမလေးက သူ့ကို ကိုခန့်လို့ ခေါ်ခိုင်းတာကို သူကြားမိပါသည်။ သူမ တကယ်ခေါ်တော့ တစ်မျိုးလေး။ သူမပုံစံက ရှက်နေတာမျိုးမဟုတ်ပေမဲ့ သူနဲ့အရောတဝင်မလုပ်။ ဆွေးနွေးကြတော့လည်း ကောင်းသည်ဆိုးသည် ဝင်မပြော။ တည်ငြိမ်တာမှ လုံးဝတည်ငြိမ်အေးဆေးလှသည်။
"ဟုတ်... မေပန်းစံ..."
အိမ်ထဲမှာ လူကြီးတွေနဲ့ဆို မွန်းကျပ်လို့ အပြင်ဒန်းလေးမှာ ထွက်ထိုင်နေတုန်း သူမက လာခေါ်ခြင်းပင်။ သူမကတော့ သူ့ကို ခေါ်ပြီးတာနဲ့ အိမ်ထဲတန်းဝင်သွားသည်။ သူတို့နှစ်ယောက်က နှစ်ပတ်အတွင်း ဇနီးမောင်နှံဖြစ်လာတော့မည့်လူတွေဆိုတာ အိပ်မက်လိုလိုဖြစ်နေတုန်း။ သူ့အတွေးနဲ့သူ တွေးနေကာ သူမနောက်လိုက်လာခဲ့မိသည်။ မနက်ဖြန် စေ့စပ်ပွဲအတွက် လူကြီးတွေတော့ ပြောစရာစကားမကုန်သလိုဖြစ်နေသည်။ အဖေနဲ့အမေကတော့ ပြုံးလို့ရွှင်လို့။ သူလား။ ပျော်တယ်လို့ ပြောလို့မရသလို ဝမ်းနည်းနေတာလည်းမဟုတ်။ ဒီတိုင်း အရှိကို အရှိအတိုင်းလက်ခံနိုင်ရုံ။
🪻🪻🪻
"ဟေ့ကောင် အခြေနေ ဘယ်လိုလဲဟ...""အဆင်ပြေပါတယ်... "
မနက်ကလို မျက်နှာသုန်မှုန်သလို မရှိတော့တာကြောင့် ထွန်းမြတ်နဲ့မျိုးညီ ထိုစကားကိုတော့ ယုံပါသည်။ လူကြီးချင်းစကားပြောကြတာမို့ သူတို့နှစ်ယောက်မလိုက်သွားလို့ မေပန်းစံနဲ့ အဆင်ပြေမလား မပြေဘူးလားဆိုပြီး သိချင်နေခဲ့တာ။ ခန့်ဖြိုးပိုင်ပုံစံကို မြင်လိုက်တော့ သူ့အမေ ရွေးပေးတဲ့သတို့သမီးကို ငြင်းဖို့အကြောင်းပြချက်တောင်မရှိ။ သူအမေက သေချာရွေးထားတာကိုး။ အသားလည်းမမည်း ရုပ်လည်းမဆိုးတာမို့ ရုပ်ရည်ကိုအပြစ်မရှာနိုင်။ ရိုကျိုးပြီး
ဝတ်ပုံစားပုံ အနေအထိုင်ပိရိလွန်းတာမို့ သူတို့တောင် ခန့်ဖြိုးပိုင်အမေကို မိန်းမရှာပေးဖို့ အပူကပ်ရမလိုပင်။ ခန့်ဖြိုးပိုင်လည်း သူ့မိဘတွေ လက်ထပ်ပေးချင်တဲ့ မိန်းကလေးကို လက်ခံနိုင်သွားသည်မှာ သေချာနေလေပြီ။
YOU ARE READING
Reason
Fantasyခန့်ဖြိုးပိုင် "မှားရင်တောင် မိဘစကားမလွန်ဆန်နိုင်ခဲ့တဲ့ မင်းနဲ့ ငါ့အမှားပဲ မေပန်းစံ " မေပန်းစံ "ကျွန်မမိဘတွေရဲ့ အတ္တကြောင့်ပေါ့ အဟွန်း... ရှင်ပြောတော့ ရှင့်စကားပေါ့။ " အများကြီးမပြောတော့ပါဘူးနော်။ ဒီficက အပြောင်းအလဲ တချို့ကြောင့် သူငယ်ချင်းဖြစ်သူ...