🪻 Part (4)🪻

211 9 1
                                    

🪻🪻🪻
"မေပန်းဆိုပြီး ဖိုးလင်းကြီး အသည်းကွဲပြီး ငိုနေတာ သနားပါတယ်..."

သူကြားအောင် တမင်ပြောနေသလိုမို့ ခန့်ဖြိုးပိုင် နားစွင့်လိုက်မိသည်။

"အေး... ဟုတ်ပါ့။ သူကလည်း ကြိုက်စရာရှားလိုက်တာ မေပန်းစံကိုမှ အရူးမူးစွဲလန်းနေတာ။ ဟိုက မိဘစကားဆို မြေဝယ်မကျနားထောင်တာ သူ့ကို အဖတ်တောင်မလုပ်ဘူး။ သူ့မိဘပေးစားတဲ့ သူနဲ့ယူသွားတာပဲကြည့်"

"ဟုတ်တယ်နော်။ သူ့မိဘတွေကလည်း သမီးအထိန်းတော်လို့ အိတ်ဖောင်းသွားတာကြည့်တော့။ "

"ငါ့အမေတောင် သူ့ကို အတုယူတဲ့။ ငါတော့မယူနိုင်ပါဘူး။ သူ့လို နေရင် မွန်းကျပ်ပြီး ရူးသွားမလားပဲ။ ဒါပေမဲ့ သူနဲ့ပေါင်းတဲ့ ဟိုတစ်ယောက်လိုလည်း မကမြင်းဘူး။ လဲ့လဲ့ဆိုတဲ့တစ်ယောက်လို လုပ်ပြန်ရင်လည်း အိမ်ပေါ်ကနေ ခေါင်းနဲ့ဆင်းရလိမ့်မယ်။ "

ဒါက ချီးကျူးတာလား။ ကဲ့ရဲ့တာလား။ ခန့်ဖြိုးပိုင် မခွဲခြားတတ်သလို သူနဲ့အတူ နားစွင့်နေသည့် နှစ်ယောက်ကလည်း ခေါင်းတကုတ်ကုတ်။

"ပြောမနေနဲ့ အဲ့ကောင်မက ရုပ်ချောသလောက် ကုတ်ကမြင်းကြီး။ သူ့မိဘချမ်းသာလို့ပဲ သူနဲ့ပေါင်းနေကြတာ။ သူ့ကို စိတ်ရင်းနဲ့ ပေါင်းတာဆို မေပန်းစံနဲ့ ညိုညိုမီပဲ ရှိလိမ့်မယ်။ ဒါတောင် ငယ်ပေါင်းတွေမို့။ "

"နင်ပြောမှပဲ ငယ်ငယ်ကဆို ငါလေ မေပန်းစံကို အသေအမြင်ကတ်တာ။ စာကြီးလိမ့်လုပ်ပြီး ချွန်ထွက်နေလို့ မကြိုက်ဘူးသိလား။ ငါက လဲ့လဲ့ကို ပိုခင်ခဲ့သေးတာ။ ဒါပေမဲ့ လဲ့လဲ့ရဲ့ အကျင်တွေကြောင့် ခုတော့ သူ့ကို ဝေးဝေးရှောင်နေတာ။ "

"ဟေ့ သူတို့က မင်းမိန်းမကို အတင်းတုပ်နေတာ ကောင်းကြောင်းလား မကောင်းကြောင်းလား။ "

မနေနိုင်တဲ့အဆုံး ထွန်းမြတ်စကားစလာတော့ သူလည်း မသိဘူးဆိုပြီး ခေါင်းခါပြသည်။

"မင်းမိန်းမက လှတော့ ကြိုက်တဲ့သူတွေရှိတာ မထူးဆန်းပါဘူး။ မင်းယောက္ခမတွေ ကောင်းမှုကြောင့် မင်းလက်ထဲရောက်တာ"

"ကိုယ့်ကုသိုလ်ကံနဲ့ကိုယ်ပဲ"

"လဒကောင်။ ခုတော့ ကုသိုလ်ကံပေါ့။ မန်းလေးက မထွက်ခင် မင်းရုပ်ကိုမှ အားမနာ။ "

Reason Where stories live. Discover now