Chapter 126

1.3K 162 3
                                    

Unicode

လော့ချယ်၏မျက်၀န်းများသည် အေးစက်နေသော်လည်း ကုမျန်က သူမချစ်သူနှင့်အတူရှိနေကြောင်း ချန်းကျစ်အား ပွင့်ပွင့်လင်းလင်းပြောပြသည်ကို ကြားသောအခါတွင် အေးစက်သည့်အငွေ့အသက်သည် နွေးထွေးသည့်နေရောင်ကို တွေ့လိုက်ရသလိုမျိုး ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

လော့ချယ်က ပြုံးလိုက်သည်။ "ကောင်းပါပြီ"

ချန်းကျစ်တဲ့လား ?

သူ့ကောင်မလေးဆီကို ချည်းကပ်လာတဲ့ ထိုကောင်နှင့် သူလည်းတွေ့ချင်သေးသည်ပင်။

ကုမျန်နှင့်လော့ချယ်တို့ စားသောက်ဆိုင်သို့ရောက်သောအခါတွင် စားသောက်ဆိုင်တစ်ခုလုံးကို ချန်းကျစ်က ကြိုတင်စာရင်းပေးထားပြီးဖြစ်သည်။

ချန်းကျစ်သည် ပုံမှန်အားဖြင့် အကွက်မရွှေ့တတ်ဘဲ သူလုပ်လိုက်သည်နှင့်တစ်ပြိုင်နက် ကိစ္စကြီးကိုလုပ်လေ့ရှိသည်ပင်။

သူသည် ထိုကဲ့သို့သော စားသောက်ဆိုင်ကြီးတစ်ခုကို ညစာအတွက် ကြိုတင်မှာထားသည်။ ကုမျန်၏ချစ်သူကောင်လေးက သာမန်ချမ်းသာသည့် ဒုတိယမျိုးဆက် သို့မဟုတ် သာမန်လူတစ်ယောက်သာဆိုလျှင် ချန်းကျစ်က သူ့ကို ကုမျန်နှင့်မတွဲတော့ရန် တားမြစ်နိုင်လိမ့်မည်ပင်။

ချန်းကျစ်သည် စားသောက်ဆိုင်ရှိ အကောင်းဆုံးမြင်ကွင်းရှိသည့် နေရာတွင် ငြိမ်သက်စွာ ထိုင်နေသည်။

သူ့တွင် ပိုက်ဆံရှိသည်။ သူသည် တစ်စုံတစ်ယောက်၏ချစ်သူကောင်မလေးကို လုယူရန် ကြိုးစားနေသော်လည်း လူကို တိုက်ရိုက်ဖိနှိပ်ရန် ဖော်ရွေသည့်နည်းလမ်းများကို ကြင်ကြင်နာနာပင် အသုံးပြုခဲ့သေးသည်။

သူသည် ကုမျန်ကို မြင်မြင်ချင်းပင် ချစ်မိသွားခဲ့သည်။

သူမ၏အသွင်အပြင်သည် လုံး၀ကို သူ၏ideal typeပင်။

ချန်းကျစ်သည် သူမနှင့်မဆုံခင်က ခေါင်းအစခြေအဆုံး သူ့စတိုင်လ်နှင့်တူသည့် ထိုသို့သောမိန်းကလေးမျိုးနှင့် တွေ့ခွင့်ရလောက်အောင် အလွန်ကံကောင်းလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးချေ။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now