" သားငယ်..... အိမ်ဘက်လှည့်ခဲ့ပါဦးလားကွယ်"တောင်းဆိုသည့် သဘောသက်ရောက်နေသော်လည်း မဖြစ်မနေဆိုသည့် ရာဇသံပါနေသည့် စကားတစ်ခွန်းအတွက် အလုပ်ကအပြန် မိဘအိမ်ကို လှည့်ဝင်ခဲ့ရသည့် သူ့အတွက် မွန်းကြပ်နေသည့် နှလုံးသားငယ်ကို အကျဉ်းထပ်ချခဲ့ရသည့် ပမာ။
" သားငယ်ရယ်....သားလေး မငယ်တော့ဘူး။ အသက်ကဖြင့် ၂၄ဖြစ်နေပြီ။ အိမ်ထောင်လည်းကျနေပြီ။ မေမေတို့လည်း မြေးချီချင်လှပြီ သားငယ်ရယ်"
ပုံစံခွက်ထဲ ကြီးပြင်းခဲ့ရသူမို့ မိဘစကားကို တသွေး၊ တသံ၊ တမိန့်။ မိဘကို လွန်ဆန်သည်ဟူသော အဖြစ်အပျက် သူ၏ စာမျက်နှာတွင် မရှိခဲ့သည့်အတွက် ယခုတွင်လည်း အငြင်းစကားတစ်ခွန်းမှ ထွက်မလာဘဲ အာစေးမိသကဲ့သို့သာ ရှိလို့နေသည်။ နေမှု၊ ထိုင်မှုသာမက ယခုဆိုလျှင် နှလုံးသားရေးရာအထိ ဝင်ရောက်စွက်ဖက်နေကြသည့် မိဘများကိုလည်း လွန်ဆန်ဖို့ရာအတွက် သူ့တွင်အားမရှိ။ မိဘအိမ်မှ နေထိုင်ရာအိမ်ဆီသို့ ပြန်လာခဲ့ရသော ခြေလှမ်းတို့သည် လေးလံမှုအပြည့်၊ ဝန်အပြည့်ဖြင့် တရွေ့ရွေ့ဖြင့် ရွေ့လို့နေသည်။ မွန်းကြပ်သည်၊ ပူလောင်သည်။ ယခုအချိန်တွင် ရိပေါ်လိုအပ်သည်က မိမိခံစားချက်တွေကို ဖုံးဖိချုပ်တီးစရာမလိုဘဲ ရင်ဖွင့်နိုင်မယ့် သူတစ်ယောက်။
ဟုတ်တယ်။
ထိုသူကို လိုအပ်သည်။" ဟယ်လို.....ရှောင်း....အချိန်ရလား....။ ကျွန်တော်တို့ သောက်ကြရအောင်"
ဖုန်းခေါ်ခေါ်ချင်း ချက်ချင်းကိုင်တတ်သည့် ရှောင်းကြောင့် မွန်းကြပ်နေသည့် ကြားမှ သူပြုံးမိပါသည်။ ရှောင်းဆိုသည်မှာ သူ့အတွက် အေးချမ်းရာ။ ယခုမှ မဟုတ်။ လွန်ခဲ့သော နှစ်ပေါင်းများစွာတည်းက သူ့အတွက် ခွန်အား၊ နားခိုရင်ဖွင့်ရာ၊ အေးချမ်းရာနေရာတစ်ခုဖြစ်ပေးခဲ့သည်။
" အာ....အခုလား ရိပေါ်။ ရတယ်လေ။ ကိုယ် အခုပဲ ဝယ်လာလိုက်မယ်"
" ရတယ် ကျွန်တော် ရှောင်းဆီ လာခဲ့မယ်"
" ရော်....ဝက်ပေါက်လေးရေ ခက်တာပဲ။ မင်း အခုမှ ပြန်လာတာ။ ပင်ပန်းတယ်။ ကိုယ် လာခဲ့မယ်။ ရိပေါ်တို့ ခြံထဲက ခုံတန်းပေါ်ထိုင်သောက်ကြတာပေါ့"
YOU ARE READING
အချစ်၏မျှခြေ { The Balance Of Love }
Fanfictionအခြေအနေတွေဘယ်လိုပြောင်းပြောင်း အချစ်စစ်က မပြောင်းလဲပါဘူး။ အချစ်က ပြောင်းလဲသွားလျှင်၊ ပျောက်ကွယ်သွားလျှင် အချစ်စစ်မဟုတ်ပေ။ စစ်မှန်သောချစ်ခြင်းမေတ္တာသည် ပျောက်ဆုံးသွားသောသင်္ဘောများကို လမ်းပြပေးသည့် မြဲမြံသောကြယ်တစ်စင်းကဲ့သို့ အမြဲတည်နေပြီး မပြောင်းလ...