အခန်း (၂)

189 14 0
                                    

မားဆီမှ ထွက်လာသော စကားတို့ကို နားမလည်၍ မေးမိသည့်အခါ အတုန်တုန်အရီရီဖြင့် ထွက်ပေါ်လာသည့် ရှောင်း၏အသံကြောင့် ရိပေါ်၏ အသိစိတ်၊ အာရုံတို့သည် ရှောင်းဆီသို့ ရောက်ရှိသွားသည်။ရှောင်းသည် ဖွင့်နေသော ဖုန်းစခရင်ကို ကြည့်ပြီး ရိပေါ်ကိုကြည့်ကာ ကျောက်ရုပ်တစ်ရုပ်ပမာဖြစ်လို့နေသည်။ ရိပေါ်လည်း ရှောင်းဆီမှ ဖုန်းကို ဆွဲလုကာ ကြည့်မိသည့်အခါ တွေ့လိုက်ရသည်က ရှဲထျန်းရှီး၏ ဝေ့ပေါ်အကောင့်မှ တင်ထားသည့် စာနှင့်ပုံအချို့။

" မချစ်ဘဲ လက်ထက်ခဲ့ရပေမယ့် ဒီလောက်ထိ လုပ်ရက်မယ်လို့ ကျွန်မမထက်ထားခဲ့တာ အမှန်ပါ။ ကျွန်မရှဲထျန်းရှီး Wang co.ltd က ဥက္ကဌ ဝမ်ရိပေါ်နဲ့ လက်ထပ်ခဲ့တာ နှစ်နှစ်ကျော်ခဲ့ပါပြီ။  မချစ်၊ မနှစ်သက်ဘဲ လက်ထပ်ခဲ့ကြပေမယ့် ကျွန်မသူ့အပေါ် သစ္စာရှိရှိနဲ့ အိမ်ထောင်ရှင်မတစ်ယောက်ပီသပေးခဲ့ပါတယ်။ ‌ဒါပေမယ့် ကျွန်မပြန်ရခဲ့တာက နာကျင်ခြင်းတွေပါပဲ။ သူက ကျွန်မအပေါ် တစ်ချက်လေးတောင် လှည့်မကြည့်တဲ့အပြင် သူငယ်ချင်းဆိုတဲ့ သူရဲ့ အတွင်းရေးမှူး ရှောင်းကျန့်ဆိုသူနဲ့ အိမ်ထောင်ရေးဖောက်ပြန်နေခဲ့ပါတယ်။ မိန်းမသားတစ်ယောက်အနေနဲ့ ကိုယ်လက်ထပ်ထားတဲ့ ယောက်ျားတစ်ယောက်က တခြားမျိုးတူယောက်ျားတစ်ယောက်နဲ့ မိမိကွယ်ရာမှာ ဖောက်ပြန်နေတဲ့အတွက် အင်မတန်နာကျင်ရပါတယ်။ ဒါပေမယ့် ကျွန်မတို့မိသားစုရဲ့ ကျေးဇူးရှင် သူ့မိဘတွေကြောင့် ကျွန်မနှုတ်ဆိတ်နေခဲ့ပါတယ်။ ဒါပေမယ့် သူကတော့ သူတို့နှစ်ယောက်လွတ်လွတ်လပ်လပ်နေရဖို့ ကျွန်မကို သက်သေအတု‌အယောင်တွေနဲ့ ထောင်ထဲအထိထည့်ဖို့ ကြိုးပမ်းနေကြတဲ့အတွက် ကျွန်မလည်း ကျွန်မအတွက် ထွက်ဆိုပါတယ်" ဆိုသည့် စာနှင့် ‌ရိပေါ် ရှောင်း၏ ရင်ခွက်ထဲတွင် မျက်နှာအပ်ကာ ငိုနေပုံကို ရိုက်ထားသည့် ပုံအချို့ပင်။ အချို့ပုံများတွင် မျက်နှာကို ထင်ထင်ခြားခြားမြင်ရသည်ဖြစ်၍ ထိုပုံ၏ အောက်တွင်လည်း လူအများ၏ မှတ်ချက်များစွာဖြင့် စည်ကားလို့နေပေသည်။

" ‌မား...ဒါ တကယ်မဟုတ်ဘူး မား...."

" တိတ်စမ်း.....နင့်အစားငါရှက်တယ်ရိပေါ်။ မိဘမျက်နှာကို အိုးမဲသုတ်တဲ့အကောင်။ ပြီးတော့ ရှောင်းကျန့်! မင်းလည်း အတူတူပဲ။ ငါကတော့ မင်းတို့ကို ယုံကြည်လိုက်ရတာ..မင်းကတော့...."

အချစ်၏မျှခြေ { The Balance Of Love }Where stories live. Discover now