အခန်း (၃)

184 15 1
                                    

လူသားတွေသည် အချိန်၏ တိုက်စားမှုကို ခံစားကြရသည်။ အချိန်နှင့်အမျှ လူတွေဟာ အိုကြရသည်၊ နာကြရသည်၊ သေကြရသည်။ ထို့အတူ ခံစားချက်တို့သည်လည်း အချိန်နှင့်အမျှ အမျိုးမျိုးအဖုံဖုံပေါက်ဖွားလို့လာသည်။ အချိန်တို့၏ တိုက်စားမှုနှင့်အတူ တချို့သည် ရင့်ကျက်လာကြသည်။ တချို့သည် ကလေးဆန်လာကြသည်။ တချို့သည် အောင်မြင်ကြသည်။ တချို့သည် ကျရှုံးကြသည်။ တချို့မှာ မွေးဖွားလာကြသလို တချို့မှာလည်း သေဆုံးကြသည်။ တချို့မှာ ခွဲခွာရသလို တချို့မှာလည်း ဆုံတွေ့ကြရသည်။

ရှောင်း၏ ကြိုးပမ်းမှုနှင့် ရလာသည့် သက်သေများကြောင့် ရှဲထျန်းရှိးသည် ပြေး၍မလွတ်ခဲ့ဘဲ ထိုက်တန်သည့် အပြစ်ဒဏ်ကို ရရှိခဲ့သည်။ ရှဲထျန်းရှီး၏ မိသားစုမှာတော့ ပေါ်ကျော့အထည်ကြီးပျက်များဖြစ်သည့်အတွက် စားရေးသောက်ရေးပင် အနိုင်နိုင်ဖြစ်နေသည်ဟု သိခဲ့ရသည်။

အချိန်တွေ၏ တိုက်စားမှုကြောင့် ရိပေါ်ကို ရှောင်းရှောင်ကာ ထွက်သွားသည်မှာ တစ်လတင်းတင်းပြည့်ပြီဖြစ်သည်။ လူတွေသည် လူတစ်ယောက် မိမိဘဝတွင် မရှိတော့သည့်အခါမှသာ ထိုသူသည် မိမိဘဝအတွက် မည်မျှ အရေးပါသည်ကို နားလည်တတ်ကြသည်။ အချိန်နောင်းမှသာ နောင်တဆိုသည်ကို ရရှိကြသည်။ ရိပေါ်သည်လည်း လူသားတစ်ယောင်ပေမို့ လူသားပီသခဲ့ပါသည်။ ရှောင်းရှိခဲ့စဥ်က အရာရာချောမွေ့ခဲ့သော်လည်း ယခုအခါတွင်မူ အသေးအဖွဲ့ကစ၍ ကမောက်ကမဖြစ်သည်အထိ အဆင်မပြေပေ။

အစည်းအဝေးခန်းထဲ ရှောင်းအမြင်ကို ထမေးမိသည့်အခိုက်အတန့်။

"ရှောင်းဗိုက်ဆာပြီ နေ့လည်စာစားကြရအောင်" ဟူ၍ ပိုင်ရှင်လွတ်နေသည့် ခုံလေးကို သတိမထားမိပါဘဲ စကားဆိုမိသည့်အခိုက်အတန်။

လက်ထောက်အတွင်းရေးမှူးလေး စာရင်းတွေ လာချပေးသည့်အခါ ရှောင်းကို လွှတ်လိုက်ပါဦး ဟူ၍ သတိလက်လွတ် ပြောမိသည့် အခိုက်အတန့်။

ဆိုးလိုက်တာ ရှောင်းရယ်.....။
ခင်ဗျားကြောင့် ကျွန်တော် အသေးအဖွဲ့လေးတွေကအစ သေချာမလုပ်နိုင်တော့ဘူး.....။

အချစ်၏မျှခြေ { The Balance Of Love }Where stories live. Discover now