ချစ်ခြင်းတစ်ခု၏ ညီမျှခြင်းမျှခြေကို ရိပေါ်တို့နှစ်ယောက် ရှာတွေ့ပြီးသည့်နောက်တွင် နေ့ရက်တိုင်းသည် ချိုမြိန်နွေးထွေးလို့နေသည်။ ရှောင်းသည်လည်း မီလန်းမှ ပြန်လာကာ ရိပေါ်၏အနားမှာပဲ ယခင်ကအတိုင်းရှိနေပေးသည်။ ရိပေါ်၏ အနာဂတ်အိပ်မက်လေးတချို့လည်း အကောင်အထည်ဖော်နိုင်ခဲ့ပြီ။ ရိပေါ်၏အိမ်လေးကို အသစ်ပြင်ဆင်မွမ်းမံ၍ ပြီးသွားပြီ။ ထို့အပြင် တစ်ယောက်မေတ္တာ တစ်ယောက်ဖွင့်ဟပြီးချိန်မှ စ၍ လျှို့ဝှက်ချက်ဆိုသည်မှာလည်း သူတို့နှစ်ယောက်ကြားမရှိ။ ပြန်လည်ပြင်ဆင်ပြီးသည့် ရိပေါ်၏ အိမ်လေးတွင် ရိပေါ်တစ်ယောက်ထဲ နေရသည်ဟူသည့် အကြောင်းပြချက်ဖြင့် ရှောင်းသည်လည်း လာရောက်နေထိုင်သည်။ ထို့ကြောင့် ရိပေါ်တို့၏ အဖြစ်သည် လက်မထပ်ရသေးသော်လည်း ကြင်စဦးအိမ်ထောင်သည်များကဲ့သို့ ကြည်နူးဖွယ်ကောင်းလှသည်။ မနက်မိုးလင်းလျှင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း မနက်ခင်းနှုတ်ဆက်အနမ်းဖလှယ်ကြသည်။ မနက်စာစားချိန်ဆိုလျှင်လည်း အချက်အပြုတ်ပိုင်နိုင်သည့် ရှောင်းက ချက်ပြုတ်လေ့ရှိပြီး ရိပေါ်က တောက်တိုမယ်ရ ကူလုပ်ပေးသည်။ မနက်စာစားပြီးလျှင် အလုပ်သို့ အတူသွားကြသည်။ နှစ်ဦးတည်းရှိရာ ရုံးခန်းအတွင်း အလုပ်လုပ်ရင်း ချစ်စကားကြိုက်စကားတို့ဖြင့် ကျီစယ်ကြရင်းဖြင့် အချိန်ကုန်ကြသည်။ အလုပ်က ပြန်လာသည့်အချိန်တွင် ပင်ပန်းကြသဖြင့် မချက်ပြုတ်ဘဲ ရေမိုးချိုးကာ ဆိုင်တွင်သာ ထွက်စားလိုက်ကြသည်။ အလုပ်မသွားသည့် ရက်များတွင် အိမ်လေးထဲမှာပဲ အိမ်သန့်ရှင်းရေးကို ဒိုးတူဘောင်ဖက်လုပ်ကာ အားလပ်သွားသည့်အချိန်များတွင် အဆာပြေသားရည်စာမုန့်တချို့စားရင်း ရုပ်ရှင်ကြည့်လေ့ရှိကြသည်။
" ရှောင်း ပီးနက်သရဲကားကြည့်မယ်လို့....."
" သရဲကားနော် ရိပေါ်။ ပြီးသွားမှ ကြောက်နေမယ်"
" သူက ဟာသသရဲကားလေး ကြည့်ချင်တယ်လို့....."
အိမ်တွင် အနားယူသည့် ရိပေါ်တို့နှစ်ယောက်၏ ထုံးစံအတိုင်း ရှပ်ရှင်ကြည့်ရန် ဇာတ်ကားရွေးနေကြခြင်းဖြစ်သည်။ ရိပေါ်မှာ ယမန်နေ့က ဝေ့ပေါ်ပေါ်မှာမြင်လိုက်ရသည့် ပီးနက်ရုပ်ရှင်၏ ဟာသအပိုင်းတိုများကြောင့် သရဲကားဆိုသော်လည်း ကြည့်ချင်၍ ရှောင်းကို ပြောသည့်အခါ သရဲကြောက်တတ်သည့် ရိပေါ်ကြောင့် တခြားဟာကြည့်ရန် ရှောင်းနှင့် ရိပေါ် ငြင်းခုံနေကြခြင်းဖြစ်သည်။
YOU ARE READING
အချစ်၏မျှခြေ { The Balance Of Love }
Fanficအခြေအနေတွေဘယ်လိုပြောင်းပြောင်း အချစ်စစ်က မပြောင်းလဲပါဘူး။ အချစ်က ပြောင်းလဲသွားလျှင်၊ ပျောက်ကွယ်သွားလျှင် အချစ်စစ်မဟုတ်ပေ။ စစ်မှန်သောချစ်ခြင်းမေတ္တာသည် ပျောက်ဆုံးသွားသောသင်္ဘောများကို လမ်းပြပေးသည့် မြဲမြံသောကြယ်တစ်စင်းကဲ့သို့ အမြဲတည်နေပြီး မပြောင်းလ...