1

33.1K 194 2
                                    

အပြာစာသီးသန့်:
အမူးသမားနဲ့ကျောင်းဆရာ - 1

Ss ရိုက်ခြင်း ၊ Social Platform ပေါ်တွင်မျှဝေခြင်းများ ရှောင်ရှားပေးပါ

Omega_HEAT: Wattpad

Omega_heat: Telegram

နံနက်ခင်း၌အစချီီ၍ တောရွာလမ်းလေးတစ်လျှောက် ပုလွေသံနှင့်အစချီသည်။ လေပြေလေးညှင်းများဟာ နုနယ်စွာ ပျံ့လွင့်နေပြီး လူတကာရဲ့စိတ်နှလုံးကို အေးချမ်းစေရန် တာဝန်ထမ်းဆောင်လို့နေသည်။ ထမင်းဟင်းချက်ပြုတ်သူများက ချက်ပြုတ်နေသလို ၊ လုပ်ငန်းခွင်ဝင်မည့် သူများကဟာလည်း ပြင်ဆင်နေကြသည်။

သို့ပေမဲ့ သူကြီး၏ အိမ်၌ ဘုရားရှိခိုးသံနှင့်အပြိုင် လေချဥ်တက်သံဟာထွက်ပေါ်လို့လာလေသည်။

"မင်းမောင်......!!"

"အဘကလည်းဗျာ အရက်သမားကို ဘာလို့ ဘုရားလာရှိခိုးခိုင်းနေမှန်းမသိဘူး အေ့..."

"မင်းမောင် ဘုရားကို ရိုရိုသေသေရှိခိုးစမ်း မဟုတ်ရင် မင်းဒီနေ့ ပိုက်ဆံတစ်ပြားမှမရဘူးမှတ်..!"

ဖခင် သူကြီးရဲ့ အမိန့်စကားကြောင့် ဘုရားကို စိတ်မပါလက်မပါရှိခိုးလို့နေသည်။ ဘုရားစာ ကိုပါးစပ်ကအကျင့်ပါပြီး ရွတ်ဆိုပြီးသည့်နောက် ဦးသုံးကြိမ်ချကာ ချက်ချင်းဆိုသလို ဦးမောင်မောင်ကြီး ဆီသို့လှည့်ကာလက်ဖြန့်လာတော့သည်။

"မင်းမောင်.... ဒီနေ့မင်းအတွက် ပိုက်ဆံလွယ်လွယ်မရဘူး..."

"ဘာလဲ အဘရာ... အဘပဲ ဘုရားရှိခိုးတာနဲ့ မုန့်ဖို့ရမယ်ဆိုပြီး ပြောထားခဲ့တာလေ"

"ဟုတ်တယ် ဘုရားရှိခိုးရင် နှစ်ရာပေးမယ် အေးတကယ် လို့နွေရာသီကျောင်းပိတ်ရက်အတွင်း ရွာကိုလုပ်အားပေးလာတဲ့ ဆရာလေးကိုသွားကြိုရင် 300 တိုးပေးမယ်"

"ဆရာလေး ဟုတ်လား... ဒီလောက်ခေါင်ပြီး ပျင်းစရာကောင်းတဲ့ရွာကိုလာမဲ့ကျောင်းဆရာဆိုတာ ရှိလို့လားဗျာ.."

"ရှိတာပေါ့ ရှိလို့ပဲ အခုမင်းကိုသွားကြိုခိုင်းနေတာလေ...."

မင်းမောင် မျက်နှာရှုံ့တွပြီး ခေါင်းကိုတဗြင်းဗြင်းကုပ်နေ၏။ ပိုက်ဆံငါးရာကြီးများတောင် ရမယ်ဆိုတော့ ကြက်ဝိုင်းကိုပါသွားပြီး သူကြီးသားဟန်ပြပြီး ငွေကိုင်ကြွားလို့ရနေပြီ။

အမူးသမားနဲ့ကျောင်းဆရာWhere stories live. Discover now