3

16.8K 308 6
                                    

အမူးသမားနဲ့ကျောင်းဆရာ - 3

Ss ရိုက်ခြင်း ၊ Social Platform ပေါ်တွင်မျှဝေခြင်းများ ရှောင်ရှားပေးပါ

Omega_HEAT: Wattpad

Omega_heat: Telegram

ညအိပ်ယာဝင်ချိန်၌ ဖျာနှင့် ခေါင်းအုံး ဆောင်၊ခြင်ထောင်ကို လာပေး၏။မင်းမောင်အခန်းက ကျယ်တော့ နှစ်ယောက် ခြင်ထောင် နှစ်ခုနဲ့ခွဲပြီးအိပ်လို့ရသည်။ ဒါကိုလည်းတော်သေးသည်ဟုပြောရမည်။အမူသမားနဲ့တော့ တစ်ခြင်ထောင်ထဲမှာ မအိပ်ချင်တာအမှန်ပဲ။ ခင်းကျင်းပြီးသည်အထိ ပြန်မလာသေးတော့ ဒီညပြန်မလာပါစေနဲ့တောင် ဆုတောင်မိပါသည်။ခြင်ထောင်ဝင်လိုက်ပြီး ချည်နှောင်ထားသည့် ရင်စည်းကို ဖြေချလိုက်သည်။ထိုအခါမှ သူ့ရဲ့ ကြီးမားလှသည့် နို့ကြီးနှစ်လုံးသည် လွတ်လွတ်လပ်လပ် အပြင်ကိုထွက်လာရ၏။တစ်နေလုံးတင်းကြပ်နေအောင်စည်းထားရသည်ကြောင့် မွန်းကြပ်နေတာပဲမဟုတ်လား။အသက်ဝဝရှူရင်း လှဲလိုက်ရင်း အိပ်ဖို့ကြိုးစားရပြန်၏၊

သစ်ခတ်က ဒွိလိင်တစ်ယောက်ဖြစ်သည်။မိဘတွေက ဒွိလိင်ဖြစ်ကြောင်းကို ဖုံးကွယ်ချင်သလို သားယောက်ျားလေးကိုလိုချင်ကြသည်မို့ သစ်ခတ်ကိုယောက်ျားလေးအနေနဲ့ပဲကျွေးမွေးခဲ့ကြတာဖြစ်သည်။ သစ်ခတ် အခု အသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်သည်အထိ ယောက်ျားတစ်ယောက်လိုနေရတာ နေစားကျလာသော်လည်း သစ်ခတ်၌ ခန္ဓာကိုယ်ရဲ့အခက်အခဲတွေလည်းရှိနေသေးသည်။ နို့တွေကအဆမတန်ကြီးလွန်းလာတာကြောင့် အမြဲရင်စည်းကိုစည်းနှောင်ထားရသည်။ အဲ့အပြင် သစ်ခတ်ရဲ့ ဖင်လုံးကြီးတွေက အိစက်ပြီး ကြီးနေတာကြောင့် အမြဲလိုလိုသတိထားနေရသည်။ယောက်ျားလေးတွေထဲမှာ ဖင်ကြီးတဲ့သူတွေရှိပေမဲ့လည်း သစ်ခတ်ကသူတို့ထက် အနည်းငယ်ပိုပြီးကြီးကာကားလွန်းနေပြန်၏။

ပေါ့ပေါ့ပါးပါးနှင့် ပုဆိုးနှင့် အင်္ကျီတစ်ထည်သာ ကျန်တော့သည့်အခါ လွတ်လပ်ပေါ့ပါးရင်း မျက်လုံးတွေကိုပိတ်ကာ အိပ်စက်လိုက်ပါတေ့ာသည်။

မင်းမောင် ညဘက် ကင်းတဲစောင့်လှည့်ကျသည့်ကောင်မလာသေးသည်ကြောင့် ကင်းတဲပေါ်မှာ ထိုကောင့်အစား နေပေးနေရသည်။ည ၁၁ ကျော်မှ ရောက်လာတဲ့ကောင်ကြောင့် ခေါင်းကို နှစ်ချက်လောက်ထုပြီးမှ အိမ်ကိုပြန်လာခဲ့သည်။ မင်းမောင် ကညနေဆို အရက်မသောက်တော့တာမို့ အိမ်ပြန်ချိန်ဆို မူးမနေပေ။ အိမ်ရောက်တာနဲ့ ရေချိုးပြီး အမေခူးပေးထားတဲ့ထမင်းကိုစားသည်။ထို့နောက် အိမ်ထဲဝင်လာတော့ ခြင်ထောင် ကအဆင်သင့်ထောင်ထားတာကိုတွေ့လိုက်တော့

အမူးသမားနဲ့ကျောင်းဆရာWhere stories live. Discover now