အမူးသမားနဲ့ကျောင်းဆရာ - 5
Ss ရိုက်ခြင်း ၊ Social Platform ပေါ်တွင်မျှဝေခြင်းများ ရှောင်ရှားပေးပါ
Omega_HEAT: Wattpad
Omega_heat: Telegram
မနက်စာစားပြီး ကလေးတွေကို စာသင်ပေးဖို့ သစ်ခတ်ထွက်သွားပြီး မင်းမောင်ကလည်းထုံစံအတိုင်းအပြင်ကိုထွက်လာပြီး အရင်ဆုံးအရက်ကလေးသောက်လိုက်သည်။အပေါင်းအသင်းတွေနဲ့ ဆုံပြီး ကြက်တိုက်၊ဖဲရိုက်တာတွေလုပ်တယ်။ရွာမှာက သူကြီးကောင်းတော့ရန်ဖြစ်တာတွေ လူဆိုးသူခိုးတွေရှားတယ်။ အလောင်းကစားဝိုင်းတွေဆို မင်းမောင်ရှိနေတာနဲ့ပြီးတယ်။ရန်မဖြစ်ကြတော့ သူကြီးကဒါတွေကိုခွင့်ပြုပေးသည်။
လူငယ်တွေ လွတ်လွတ်လပ်လပ် နေခွင့်ပေးတာမျိုးပေါ့။မင်းမောင် လုပ်စရာရှိတဲ့အလုပ်တွေလုပ်နေရင်း ပျင်းလာပြီး စာနေတဲ့ သူ့ရဲ့လီးကြီးကကြွလာပြန်ပြီ။ သစ်ခတ်စာသင်တာဘယ်တော့ပြီးမလဲပဲ စိတ်ဝင်စားနေတာ သစ်ခတ်ဆီကို သွားပြီးပဲစောင့်ကြည့်သင့်သလားတွေဝေနေပြန်ပြီ
"အာစတိ ဖဲပွတ်လေဗျာ စိတ်တွေဘယ်ရောက်နေတာလဲ"
"တော်ပြီကွာ သံလုံး မင်းပဲဆက်ဆော့တော့ ငါသွားစရာရှိတယ်"
"ဟာ ဟာ အာစတိရယ် ကျွန်တော့်လက်ကဘူလက်ပါဗျာ ဒီတစ်ပွဲပြီးမှာသွားပါဗျာ ပွတ်ပါ "
သံလုံးကအနောက်ကနေ တတွတ်တွတ်ပြောနေတော့ မင်းမောင်လည်းဖဲကောက်ကိုင်ပြီးတစ်ပွဲဆော့ပေးလိုက်တယ်။ပြီးတာနဲ့ အိမ်ရှေ့မှာ ချထားတဲ့ကြက်ကိုသယ်သယ်ပြီး စာသင်တဲ့နေရာသို့ သံလုံး ၊ သံချောင်း တို့နဲ့ အတူထွက်လာခဲ့တာပဲ။
"အာစတိက စာတတ်တယ်လေ စာသွားသင်မလို့လား အာစတိရဲ့"
"ငါကဘာလို စာသင်ရမှာလဲ ကျောင်းဆရာဆီသွားမလို့"
"အာစတိ ကျောင်းဆရာလေးကိုမကျေနပ်သေးတာနဲ့တူတယ်"
"ဘာဖြစ်လို့လဲသံချောင်း"
"မင်းမလဲ မနေ့က ညိုခင်နဲ့ ကျောင်းဆရာဘေးကအတူရှိနေတာလေကွာ.."
"ဟုတ်လား အာစတိ"
"ကျစ် တော်ကြစမ်းပါကွာ မင်းတို့ သွားမေး စာသင်တယ် ဘယ်အချိန်ပြီးမှာလဲလို့"