2

19.9K 153 2
                                    

အမူးသမားနဲ့ကျောင်းဆရာ - 2

Ss ရိုက်ခြင်း ၊ Social Platform ပေါ်တွင်မျှဝေခြင်းများ ရှောင်ရှားပေးပါ

Omega_HEAT: Wattpad

Omega_heat: Telegram

ရွာထဲက အမျိုးသမီးတစ်ယောက် ရောက်လာသည့်အခါ သူကြီးက သစ်ခတ်နဲ့အတူ ထိုနေရာကိုလိုက်ပြခိုင်းသည်။ သစ်ခတ်လိုက်သွားတော့ အိမ်တွေနဲ့လည်းဝေးပြီး နေရာကျယ်တာမလို့ သစ်ခတ်သဘောကျကြောင်းပြောလိုက်သည်။

"ဒါဆို ညနေကျရင် ကလေးတွေ စာသင်လို့ရအောင် ရွက်ဖျင်လေးဖြစ်ဖြစ် အဖီလေး ဖြစ်ဖြစ် လုပ်ဖို့ ကျုပ် သူကြီးကိုပြောလိုက်ပါ့မယ်"

"ဟုတ်ကဲ့ပါ မညိုခင်... လိုက်ပို့ပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ"

"ရပါတယ် ဆရာလေးရယ် ကျုပ်တို့ရွာကိုအခုလို စာလာသင်ပေးတာပဲကျုပ်တို့ကကျေးဇူးတင်နေပါပြီ ဒါဆို ပြန်နားဦးမလား ရွာထဲကျုပ်လိုက်ပြပေးရမလား"

"အပန်းမကြီးရင် လိုက်ပြပေးပါဦးဗျာ"

ညိုခင်နဲ့အတူ ရွာထဲလိုက်ကြည့်တော့ ရွာထဲကလူတွေနဲ့စကားပြောပြီး ကလေးတွေကိုလိုက်အကဲခတ်ကြည့်သည်။စာသင်ပေးမဲ့သူဆိုတာသိတာနဲ့ ကလေးတွေမျက်နှာလေးကပြုံးရွင်လာသည်။စာတတ်ချင်တဲ့စိတ်ကလေးတွေရှိတော့ သစ်ခတ်လည်းအကောင်းဆုံးကြိုးစားပေးဖို့အတွက် စိတ်အားထက်သန်လို့နေပါသည်။ ရွာက ပင်မရေကန်ကြီးဆီရောက်တော့ ရေကန်က သောက်ရေသုံးရေရဲ့ဘုံဖြစ်သလို သန့်ရှင်းမှူကိုလည်းတွေ့ရသည်။ရွာလေးက ခေါင်တယ်သာပြောတယ် လူစည်စည်ကားကားနဲ့ ပျော်စရာကောင်းသည်။ဖော်ရွေပြီး မျက်နှာချိုသည့် ရွာသူရွာသားတွေနဲ့ဆိုတော့ တစ်ချို့ရန်တွေအတွက် သစ်ခတ်ကတော့စိတ်အေးရပါ၏။

"ဖေ့သားကြီး ချချ အဲ့ကောင်ကြက်ကို အသေသတ်ပစ်"

"သူကြီးသား ကြက်တိုက်နေတာကွာ သတ်နေတဲ့ပွဲမဟုတ်ဘူး"

"အောင်မာ ငါ့သားငါ ပြောတာ ငါသားကမင်းကောင်ကို တကယ်သတ်မှာမို့လို့လား"

"ချ ချ ချ "

ကြက်ဝိုင်းမှာ ဆူညံပြီးလက်ခုပ်သြဘာအပြည့်နဲ့ ရန်တွေကလည်းခင်များများပင်။ သစ်ခတ်တစ်ချက်ဝေ့ကြည့်ပြီး မနက်သူကြီးသား အမူးသမားကို တွေ့လိုက်ပါသေးသည်။ သစ်ခတ်တို့ကြက်ဝိုင်းကိုဖြတ်တော့

အမူးသမားနဲ့ကျောင်းဆရာWhere stories live. Discover now