4♫︎

81 11 2
                                    

ဆွန်းယောင်းတစ်ယောက် လွန်ခဲ့တဲ့အပတ်က ဂျောင်ဟန်ကိုကို၏ ပန်းချီဆွဲနေသော ပုံရိပ်လေးကို လုံးဝမမေ့နိုင်ပါ။ မမေ့နိုင်သည်ဆိုတာထက် အဖိုးတန်သော အမှတ်တရလေးကို အသည်းထဲစွဲအောင် မှတ်ထားခြင်းသာဖြစ်တယ်။

တစ်နေ့တစ်နေ့ တိုးပွားလာတဲ့ အချစ်တွေဟာ ပင်လယ်ရေသည် မြင့်သထက်မြင့်တက်လာသလို အချိန်တွေဟာ တစ်ရိပ်ရိပ်နဲ့ နှေးကွေးစွာလည်ပတ်လာသလိုသာ ဖြစ်နေတယ်။

ဆွန်းယောင်းကျောင်းကိုရောက်သည့် တစ်နှစ်ကျော်အချိန်လေး အတွင်းမှာ ဂျောင်ဟန်ကိုကိုရဲ့ ဖုံးကွယ်ထားတဲ့ ဝါသနာတစ်ခုကို သိရှိခဲ့ရပြီ ။

ဂျောင်ဟန်ကိုကိုရဲ့ ဖုံးကွယ်ထားသောဝါသနာ တစ်ခုတည်းသာသိရှိရတယ် ဒါပေမဲ့ သိရှိခဲ့ရပြီဖြစ်တယ်သူတစ်ယောက်တည်းသာ သိရသောအဖိုးတန် လျှို့ဝှက်ချက်ကလေး...။

ဆွန်းယောင်းဟာ ဂျောင်ဟန်ကိုကိုနှင့် အရမ်းကြီး မရင်းနှီးသော်လည်း အရမ်းကြီးလည်း မစိမ်းနေတော့ပါ... ဆွန်းယောင်းလည်း အဆင့်မတက်ချင်ပါ ဂျောင်ဟန်ကိုကိုမုန်းမှာကို ကြောက်မိပါသည်။

ယောက်ျားတစ်ယောက်ဟာ ယောက်ျားတစ်ယောက်ကို သဘောကျတာသိရင် သူ့အားဂျောင်ဟန်ကိုကို မုန်းမှာစိုးရိမ်မိပါသည်။ ဒါကြောင့်ပင် ရှေ့ဆက်မတိုးဘဲ ရောက်ရှိသည့် နေရာမှာ ရပ်နေခဲ့သည်။

ဒီနေ့မှာတော့ ဆွန်းယောင်းသည် စိတ်သွားတိုင်းကိုယ်မပါခဲ့ပါ...။ ခေါင်းကလည်းအနည်းငယ် နောက်ကျိနေကာ ခန္ဓာကိုယ်လည်း နာကျင်ကိုက်ခဲလျက် လမ်းထလျှောက်မယ်လုပ်တိုင်း ယိုင်လာတဲ့ခြေထောက်တစ်စုံကြောင့် ဆွန်းယောင်းနေမကောင်းဖြစ်နေပြီဆိုတာ ရိပ်မိပါသည်...။

သို့သော် မရှိမဲ့ရှိမဲ့အားကိုယူကာ ကျောင်းသွားဖို့ ပြင်ဆင်နေခဲ့သည်။ အောက်ထပ်သို့ဆင်းကာ မနက်စာကို ဝင်ရုံမျှသာစားပြီး အမေ့အကွယ်မှာ ဆေးခိုးသောက်ကာ ကျောင်းသို့လာခဲ့သည်။ အမေသာသိရင် ကျောင်းပေးမသွားမှာစိုးလို့ပင်။

ကျောင်းကိုရောက်လာသော်လည်း ခေါင်းမူးနေသောကြောင့် ကျောင်းဆေးပေးခန်းမှာ အိပ်နေခဲ့တယ်။ သူ၏တစ်နေ့တာ ဗီတာမင်ဓာတ်လေးကိုတော့ မမြင်ရသေးပါ...။ အဖျားနည်းနည်း သက်သာမှသာလျှင် သွားကြည့်မှာဖြစ်တယ်..။ သို့သော် အိပ်ချိန်က အတော်ပင်ကြာခဲ့ကာ နေလည်ခင်းပင် ရောက်ရှိနေပြီ.။

Admiring From Afar(Complete)Where stories live. Discover now