5♫︎

88 14 1
                                    

အထက်တန်းတတိယနှစ်... ကျောင်းသားတစ်ယောက်ရဲ့ အရေးအကြီးဆုံးအချိန် တက္ကသိုလ်ဝင်ခွင့်ဖြေရမှာ ဖြစ်သည့်အတွက် စာမှစာဖြစ်နေရမဲ့အချိန် ဒီလိုအချိန်မှာ ဆွန်းယောင်းတစ်ယောက် ဘယ်လိုဖြစ်နေမှာလဲ....

နေ့ရက်တိုင်းကို ထပ်တူညီစွာဖြတ်သန်းရင်းနဲ့ အချိန်တွေဟာ တစ်ရိပ်ရိပ်ကုန်ဆုံးလာခဲ့ပြီ။ အထီးကျန်ကာ ဆာလောင်မွတ်သိပ်နေသလိုမျိုး အချစ်နွံထဲကနေ ရုန်းမထွက်နိုင်သေးတဲ့စိတ်ဟာ ယခုကာလထိတိုင်ယူဆောင်လာခဲ့ပြီ။

ဘဝရဲ့အရေးကြီးဆုံးအချိန်တွေထဲမှ တစ်ခုဖြစ်တဲ့ အထက်တန်းတတိယနှစ်ဟာ ပျော်စရာရော ဝမ်းနည်းစရာတွေနဲ့ပါ အစဉ်အလာမပြတ် ကြိုဆိုနေခဲ့တယ်။

ကျောင်းဝန်းထဲခြေချလိုက်သည်နှင့် ရင်ဘတ်တစ်စုံဟာ နာကျင်မှုတစ်ခုခုကို ခံစားလိုက်မိတယ်။ သို့သော် ဟန်ပင်မပျက်စေဘဲ ကျောင်းခန်းထဲသို့ သွားလိုက်သည်။ ကံကောင်းတယ်ပဲဆိုရမလား ဆွန်းယောင်းသည် ဝန်းနူတို့နှင့် တစ်ခန်းတည်းပင်ပြန်ကျလေသည်။ သူတို့ပင်မဟုတ် အစ်ကိုရှူအာပါရှိနေသည်..။

ပြတင်းပေါက်နားကခုံမှာ ဆွန်းယောင်းဝင်ထိုင်ခဲ့လိုက်သည်။ ထို့နောက်ဆွန်းယောင်းဘေးသို့ ထပ်ရောက်လာတဲ့ လူတစ်ယောက်.....

"မင်္ဂလာပါ ငါ့နာမည် အီဆော့မင် ဒါပေမဲ့ ဒိုဂယောင်းလို့လည်း ခေါ်လို့ရပါတယ်"
လို့နှုတ်ဆက်ကာ လက်တစ်ဖက် ကမ်းလာသောကြာင့် ဆွန်းယောင်းလည်း
"အာ....တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်က ကွမ်ဆွန်းယောင်းပါ"
"ဘေးနားမှာထိုင်လို့ရတယ်မလား"
"ရတာပေါ့ ထိုင်လေ ဒိုဂယောင်း"
"ကျေးဇူးတင်ပါတယ် ဒါနဲ့ကြိုပြောထားမယ်နော် ငါက စကားနည်းနည်းတော့များတယ်"

ဆွန်းယောင်းထင်လိုက်မိပါတယ် တော်တော်စကားများတဲ့သူပဲလို့...ဒါပေမဲ့သူ့အတွေးမဆုံးခင် ကြိုပြောလာတာကြောင့် ဆွန်းယောင်းတော့ သူ၏အထက်တန်းနောက်ဆုံးနှစ်ကလေးကတော့ သွားရှာပြီလို့ပဲ စဉ်းစားနေမိတော့တယ်။

ကျောင်းသားတွေလည်း အားလုံးနီးပါးစုံနေပြီ.. အကုန်လုံးဟာ ကျောင်းပိတ်ရက်အတွင်း မပြောဖြစ်တဲ့ စကားများကို အခုချိန်မှာတော့ အတိုးချပြီးပြောနေသလိုပင်။

Admiring From Afar(Complete)Where stories live. Discover now