1♫︎

169 11 0
                                    

နေရောင်လေးတွေ တစ်စတစ်စစွန့်ကျဲနေတဲ့ သစ်ပင်ကြီးအောက်မှာ ဆွန်းယောင်းတစ်ယောက်
လက်တေးလို့အမည်ရတဲ့ ခွေးလေးတစ်ကောင်နဲ့
ပျော်ပျော်ရွှင်ရွှင်ဆော့နေတယ်

ပါးဖောင်းဖောင်းလေးရယ် နီရဲနေတဲ့နှုတ်ခမ်းသားလေးရယ် ရယ်လိုက်ရင် တစ်တန်းတည်းဖြစ်သွားတဲ့ မျက်လုံးလေးတွေဟာ ဆွန်းယောင်းရဲ့ အမှတ်အသားပဲဖြစ်တယ်

15နှစ်အရွယ် ဆွန်းယောင်းရဲ့ဘဝဟာ အပူအပင်မရှိ ငြိမ်းချမ်းနေဆဲ သစ်ရွက်လှုပ်တိုင်း ရင်ခုန်တတ်တဲ့ ဆယ်ကျော်သက်အရွယ်လေးမှာ ကလေးသဘာဝအရ ပျော်မွေ့နေတယ် ဒါပေမဲ့အဲ့ဒီပျော်ရွှင်မှုက
သိပ်မကြာလိုက်ပါ... အဲ့ဒီအချိန်မှစပြီး
ဆွန်းယောင်းဟာ ပြောင်းလဲသွားခဲ့ရပြီ......

"လက်တေးလေးရေ ဒီကိုလာခဲ့"လို့ဆိုကာ သူ၏ချစ်စရာခွေးကလေးကို လက်ကလေးဖြန့်ကာ ခေါ်ဆိုလိုက်တယ်.
လက်တေးလေးဟာ သူ့သခင်ဆီ အမြီးတနှ့ံနှ့ံနဲ့ပြေးသွားနေခဲ့တယ်..

"ဟိတ်..."
ရုတ်တရက် ခေါ်လိုက်တဲ့အသံကြောင့် ဆွန်းယောင်းကိုယ်ကလေးတုန်သွားခဲ့ရသည်
"ဟုတ် ဘာပြောစရာရှိလို့လဲမသိဘူး"
"ကျွန်တော်လည်း ခွေးလေးနဲ့တူတူဆော့ချင်လို့ရမလား"
ဆွန်းယောင်းအချိန်အတော်ကြာအောင် ကြောင်ကြည့်နေမိခဲ့တယ် သူ၏အရှေ့မှာရှိတဲ့သူဟာ မျက်လုံး မျက်ခုံး နှုတ်ခမ်း အပြစ်ပြောရက်စရာမရှိ လှတယ်ပဲဆိုရမလား ယောက်ျားဆန်တယ်ပဲဆိုရမလား

"ဟိုလေ အဲ့လိုပဲကြည့်နေတော့မှာလား"
"အာ..ကျွန်တော်တောင်းပန်ပါတယ်ဗျ ဆော့လို့ရပါတယ်"
"ကျေးဇူးတင်ပါတယ် ကျွန်တော့်နာမည် ယွန်းဂျောင်ဟန်ပါ..ဒါနဲ့ခွေးကလေးနာမည်က..."
"လက်တေးတဲ့ ချစ်ဖို့ကောင်းတယ်မလား"လို့‌ေြဖကာ ယွန်းဂျောင်ဟန်ဆိုတဲ့သူနဲ့ အကြည့်ချင်းဆုံနေခဲ့မိတယ်...
"ဟုတ်တာပဲ ချစ်ဖို့ကောင်းတာပဲနော်"

"သားလေးရေ ဂျောင်ဟန်လေးလာပြန်ရတော့မယ်"
"ဟုတ်ကဲ့မေမေ..ဒါဆိုပြန်တော့မယ်နော် တာ့တာ"
ဆိုကာပြေးထွက်သွားတဲ့သူ ကျန်နေခဲ့တဲ့ ဆွန်းယောင်းမှာတော့ "ကျွန်တော့်နာမည်တောင်မပြောရသေးဘူးလေ" ဆိုကာ ငေးကြည့်နေမိခဲ့တယ်..

Admiring From Afar(Complete)Where stories live. Discover now