3♫︎

86 9 2
                                    

နေရောင်ခြည်လေးဟာ အခန်းရဲ့ပြတင်းတံခါးမှ တစ်ဆင့် ဆွန်းယောင်း၏ကုတင်ပေါ်သို့ ဖြာကျနေသည်... ကြည်လင်နေသောကောင်းကင် ဌက်ကလေးရဲ့တေးသံလေးနဲ့အတူ ဆွန်းယောင်းနိုးထလာတယ်။

မျက်လုံးနှစ်လုံးကိုဖွင့်တာနဲ့ သူ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလိုဖြစ်နေတဲ့ ဂျောင်ဟန်ကိုကိုကို ဉီးစွာတွေးမိတယ် တစ်နေ့တာရဲ့အစမှာ ယွန်းဂျောင်ဟန်ဟာ တည်ရှိနေပြီး တစ်နေ့တာရဲ့အဆုံးမှာ ထိုယွန်းဂျောင်ဟန်ဟာ တည်ရှိနေတယ် ယွန်းဂျောင်ဟန်မရှိတဲ့ အချိန်ကိုပြောပါဆိုရင် ဆွန်းယောင်းမှာ ‌ေြဖစရာ အဖြေမရှိ...။

ဒီနေ့ဟာကျောင်းပိတ်ရက်ဖြစ်သည့်အတွက် ဆွန်းယောင်းအားအနည်းငယ်ပင် လျော့နေလေသည်။ အကြောင်းအရင်းကား သူ၏အားဆေးဖြစ်သည့် ဂျောင်ဟန်ကိုကိုကို မတွေ့ရသည့်အတွက်ပင်။ ကျောင်းသားတိုင်းဟာ ကျောင်းပိတ်ရက်ကိုသာ မျှော်နေတတ်သည် သို့သော်လည်း ဆွန်းယောင်းဟာ ကျောင်းကို အမြဲပင် ဖွင့်စေသည်။

ကျောင်းဟာကျောင်းပိတ်ရက် ရှိသင့်သည်ဟု ဆွန်းယောင်းမထင်ပါ ကျောင်းဆိုတာဟာ အမြဲဖွင့်သင့်သည် ဒါမှသာသူသည် နေ့တိုင်းဂျောင်ဟန်ကိုကိုကို ငေးခွင့်ရမည်ပင်မဟုတ်။

ယခုကား ဆွန်းယောင်းသည်အားပင် မရှိသည့်အတွက် အိပ်ရာထဲကပင် မထွက်နိုင်ကာ ဘေးနားတွင်ရှိသည့် ဖုန်းကိုကောက်ယူကာ IG ကို သွားကြည့်လေသည်။ သူ၏ဂျောင်ဟန်ကိုကို account ကိုသွားခိုးကြည့်သည့် လုပ်ငန်းစတင်လေပင်သည်။ သို့သော်လည်း ထံုးစံအတိုင်းပင် တစ်ခုမှထပ်မတင်ပါ။

တစ်ခုရှိသေးသည် ဂျောင်ဟန်ကိုကိုဟာ သူ၏ကောင်မလေးပုံကို ပြန်ဖျက်ထားလေသည် အရင်နေ့တွေတုန်းက ဂျောင်ဟန်ကိုကိုသည်အ သူ၏ကောင်မလေးနဲ့ ရိုက်ထားသည့် ပုံလေးငါးပုံလောက်တင်ထားသည်။ ယခုတော့အကုန်ပင်မရှိ မနေ့ညနေတုန်းက ဆွန်းယောင်းနဲ့ပြန်တုန်းက ရိုက်ထားသော နေဝင်ချိန်ပုံလေးကိုသာ storyတငင်ထားပေသည်။

Caption လေးရေးထားတာကတော့ *နေဝင်ချိန်လေးဟာလှတယ် ဒါပေမဲ့ သူ့လောက်လှပါ့မလားတဲ့* ဆွန်းယောင်းထိုstoryကို မြင်တုန်းက မျက်ရည်ဝဲခဲ့မိပါသေးတယ် ဂျောင်ဟန်ကိုကိုဟာ သူ့၏ရည်းစားကို လွမ်းနေတာလားဆိုသည့် အထင်နဲ့။

Admiring From Afar(Complete)Where stories live. Discover now