"ဘာကြည့်တာလဲ.. မင်းအဖေနဲ့တူလို့ကြည့်နေတာလား"
နေ့သစ်အစမှာတင် ဘယ်လိုတောင်သဘောကျစရာကောင်းတဲ့နှုတ်ဆက်တာမျိုးလုပ်လိုက်တာပါလိမ့်။ ကျွန်တော်တကယ် စိတ်ရင်းနဲ့တောင်းပန်ပြီးတော့ မင်းတို့စိတ်ထဲမထားဘူးလို့လည်း မျှော်လင့်ပါတယ်။ တကယ်ထိခိုက်စေချင်တဲ့စိတ် မရှိဘူးဆိုတာ ကျိန်ရဲတယ်။ ကျွန်တော်ရှက်စိတ်ဖြစ်လာတာနဲ့ ပါးစပ်ကပိတ်မထားနိုင်တော့ဘူး။ ဒီရောဂါလက္ခဏာက မရင်းနှီးတဲ့နေရာမှာ ကိုယ်နဲ့မသိတဲ့လူတွေစုနေတာကို ဖြတ်လျှောက်လာရရင် ဖြစ်လာတတ်တယ်။ အထူးသဖြင့် လူငါးယောက်ထပ်ပိုပြီးတော့ ကျွန်တော့်ကိုလှမ်းကြည့်နေတဲ့အချိန်ပေါ့။ ဒီလိုဖြစ်လာတိုင်း မသင့်တော်တဲ့စကားတွေ၊ စကားလုံးကြမ်းတွေက ကျွန်တော့်ပါးစပ်ကနေ အလွယ်တကူခဏခဏထွက်လာတတ်တယ်။ အခုပဲမင်းတို့မြင်လိုက်တယ်မလား။ ဘာကပိုဆိုးစေတာလဲဆိုတော့ အခုဒီနေရာမှာ လူငါးယောက်တောင်မဟုတ်ဘုး ရာချီလောက်တောင်ရှိနေတာပဲ။
ကျွန်တော်အခုနေ့လည်မှာ အင်ဂျင်နီယာဌာနရှေ့က ကျောင်းဝင်းကိုဖြတ်လျှောက်နေရတာ။ ဒါကကျွန်တော့်ကို တစ်ရက်ရက်ကိုအမှတ်ရစေတယ်။ ဘုန်းကြီး ၁၂၅၀ပါးကစုဝေးပြီး..ဘာပါလိမ့်။ သူတို့ဘာလို့စုကြတာပါလိမ့်။ မမှတ်မိတော့ဘူး.. ဒါပေမယ့်အဲ့ကိစ္စကို ခဏထားလိုက်ဦး။ ကျွန်တော်အခုပိုသိချင်နေတာက ဘာလို့ထိုင်းနိုင်ငံက အင်ဂျင်နီယာတွေအများကြီး မွေးထုတ်နေရတာလဲ။ ဒါကစိုက်ပျိုးရေးနိုင်ငံလို့ ဘယ်သူကပြောခဲ့တာလဲ။ ဘာလို့လယ်သမားတွေ များများမမွေးထုတ်ရတာလဲ။
[T/N : ထိုင်းအခေါ်ဆို Makha Bucha Dayကိုပြောတာပါ။ ကမ္ဘောဒီးယား၊ လာအို၊ သီရိလင်္ကာ၊ ထိုင်း ဒီနိုင်ငံတွေမှာတော့ တတိယလပြည့်နေ့၊ မြန်မာနိုင်ငံမှာဆိုရင်တော့ တပေါင်းလပြည့်နေမှာကျင်းပကြပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားနဲ့ သူ့ရဲ့ပထမဆုံးတပြည့် ၁၂၅၀ဦးအတွက်အထိန်းအမှတ်အနေနဲ့ ကျင်းပကြတာပါတဲ့။
ခွန်ဖင်မ်တို့က ဥပမာပေးလိုက်ရင်တကယ့်ဟာတွေပဲ။]ကျွန်တော်က စိတ်ကူးယဥ်မှုနဲ့ စူးစမ်းရှာဖွေမှုမှာ စိတ်အားထက်သန်တဲ့လူတစ်ယောက်။ အဲ့တာကြောင့်ပဲ လူတွေရဲ့အာရုံစိုက်စရာနေရာက ကျွန်တော်ဖြစ်နေတယ်လို့ခံစားရတဲ့အချိန် ကျွန်တော့်ခေါင်းက ပတ်ဝန်းကျင်ကအရာတွေနဲ့ပြည့်နေတာ။ ပြီးတော့ တခြားသူတွေလဲ ဒီလိုပဲဖြစ်မယ်လို့ထင်တယ်။ ဒါပေမယ့် အမှန်ကတော့ ကျွန်တော်ဖြတ်သွားတာကို ဘယ်သူကများဂရုစိုက်လို့လဲ။ အကုန်လုံးက အစားအသောက်တွေနဲ့ ဖတ်စာအုပ်တွေကြောင့်မလို့ လေးလံထိုင်းမှိုင်းပြီး စိတ်ဖိစီးနေတဲ့ပုံပေါက်နေကြတာ။ ဒါပေမယ့် ကျွန်တော့်ကိုစိတ်ဝင်စားစရာလို့မြင်နေတဲ့သူ တစ်ယောက်ယောက်တော့ရှိမယ်လို့ အာရုံရနေတယ်။ ဟိုနားမှာဖြစ်မယ်ထင်တယ်။
YOU ARE READING
We Are Khue Rao Rak Kan : MM Trans
RandomPondPhuwin, WinnySatang, AouBoom, MarcPoon တို့ပါဝင်ထားတဲ့ We are... คือ เรารักกัน seriesရဲ့ မြန်မာဘာသာပြန်လေးပါ ပထမဆုံးအကြိမ်tranဖူးတာကြောင့်ရော Thaiကတိုက်ရိုက်မဟုတ်ပဲ Engကနေတစ်ဆင့်ပြန်တာကြောင့်ရောမလို့ လိုအပ်တဲ့နေရာတွေအများကြီးရှိနိုင်လို့ နားလည်ပ...