"ငါဘတ်စကတ်ဘောကစားတာလိုက်ကြည့်ချင်လား.."
"မင်းရေခဲဝါးနေတာကိုအရင်ရပ်စေချင်တယ် တိရစ္ဆာန်ကောင်.."
Ai'ထန်ကဟက်ဟက်ပက်ပက်ကိုရယ်တယ်။ ပြီးတော့သူ့မျက်နှာကြီးကိုအရမ်းကပ်လာတာ လန့်ပြီးတော့ဆွဲကုတ်မိတော့မလို့။ သူ့မျက်နှာကြီးကိုအရမ်းကပ်လာတာကိုမလန့်တော့ပါဘူး။ အဲ့တာကသူ့အသားအရေနဲ့ခန္ဓာကိုယ်ကိုသုံးပြီး ဆော့နေကျအကျင့်လိုကိုဖြစ်နေတာကိုး။ ကျွန်တော်ကျင့်သားရနေပြီ။ ဒါပေမယ့်သူ့သွားတွေနဲ့ရေခဲကိုကြိတ်နေတဲ့အသံကြောင့်တော့ ကြက်သီးထလာတယ်။
"မင်းဘာလို့အဲ့လိုမျက်နှာကြီးလုပ်နေတာလဲ.."
Ai'ထန်ကရယ်ရင်းပြောပြီးတော့ သူ့ဖန်ခွက်ထဲကရေခဲတွေကို ဘယ်အတုံးစားရမလဲဆိုတာရွေးနေသလိုမျိုး မွှေနေတယ်။
"ငါကမင်းကို ဘတ်စကတ်ဘောကစားတာ ကြည့်ဖို့ပဲဖိတ်တာပါ.. သားသတ်ရုံကိုသွားရောင်းစားမှာမဟုတ်ဘူး.. အရမ်းစိတ်ညစ်စရာမလိုဘူး.."
"ဘာလို့ရုတ်တရက်ကြီး ဘတ်စကတ်ဘောကြည့်ဖို့ ငါ့ကိုဖိတ်တာလဲ.."
Ai'ထန်ကသူဘတ်စကတ်ဘောကစားတာကို ကြည့်ဖို့ဖိတ်တာကိုအရမ်းအံ့သြသွားတယ်။ နှစ်တစ်ထောင်နဲ့ရက်ပေါင်းတစ်ရာအတွင်းမှာ သူလှုပ်ရှားမှုတစ်ခုခုလုပ်တာကိုလာကြည့်ဖို့ ဘယ်တုန်းကမှကျွန်တော့်ကိုမဖိတ်ခဲ့ဖူးဘူး။ အဲ့တော့အင်ဂျင်နီယာဌာနထဲက သူ့သူငယ်ချင်းတွေ၊ ဂျူနီယာတွေဠ စီနီယာတွေတော်တော်များများနဲ့ ကျွန်တော်သိဖို့အခွင်းအရေးမရခဲ့ဘူး။ လုံခြုံရေးဦးလေးကြီးနဲ့ အစောင့်အန်တီကြီးအပါအဝင် ကျွန်တော့်ဌာနကလူတိုင်းနီးပါးလောက်နဲ့ သိပြီးရင်းနှီးနေတဲ့သူ့လိုမျိုးတော့မဟုတ်ဘူးပေါ့။ Fine Artsဌာနရှေ့မှာပတ်သွားနေကျ ခွေးတောင်မှAi'ထန်နဲ့တည့်တယ်။ အရေးပါဆုံးအချက်က သူကတက္ကသိုလ်ရဲ့ဘောလုံးအသင်းကအဖွဲ့ဝင်လေ။ အဲ့တာကိုဘာလို့ဘတ်စကတ်ဘောပွဲကိုသွားတာလဲ။ ကျွန်တော်စိတ်ရှုပ်နေပြီ။
"အဲ့တော့ မင်းပြောစရာရှိတယ်ဆိုတဲ့အကြောင်းကဘာလဲ.. အတိုချုံးရရင် မင်းအဖေကမင်းကားကိုသိမ်းသွားတယ်.. ဒါပဲလား.. သေလိုက်တော့ထန် မင်းငါ့ကိုစနေတာလား.. ငါ့စိတ်ကိုလာဆွနေတာဟုတ်တယ်မလား.. ဒီလောက်ပူတဲ့နေပူကြီးထဲကနေဖြတ်ပြီး အင်ဂျင်နီယာဌာနကိုလာခဲ့ခိုင်းတာ ဒါလေးကြောင့်ပဲလား.. ငါ့စိတ်အခြေအနေက ပုံမှန်လိုကောင်းမနေဘူးနော်.. ငါဘယ်နှညလောက်အိပ်ရေးပျက်ထားရလဲ မင်းသိလား.. ငါ့ကိုလိုက်ပို့ဖို့ မင်းသူငယ်ချင်းကားကိုသွားငှားလာခဲ့.."
YOU ARE READING
We Are Khue Rao Rak Kan : MM Trans
De TodoPondPhuwin, WinnySatang, AouBoom, MarcPoon တို့ပါဝင်ထားတဲ့ We are... คือ เรารักกัน seriesရဲ့ မြန်မာဘာသာပြန်လေးပါ ပထမဆုံးအကြိမ်tranဖူးတာကြောင့်ရော Thaiကတိုက်ရိုက်မဟုတ်ပဲ Engကနေတစ်ဆင့်ပြန်တာကြောင့်ရောမလို့ လိုအပ်တဲ့နေရာတွေအများကြီးရှိနိုင်လို့ နားလည်ပ...