"ကျန့်အာ မား ခဏစကားပြောစရာလေးရှိလို့ သားစာလုပ်နေတာလား"
"ကျွန်တော် အားပါတယ် မားရဲ့။ယူသွားရမယ့် စာအုပ်တွေသိမ်းနေတာ။မားပြောစရာရှိတာ ပြောလေ"
"သား အခုထိရိပေါ်နဲ့ စကားမပြောဖြစ်သေးဘူးလား။ရိပေါ်လေးက တဇွတ်ထိုးနိုင်ပေမယ့် သားကိုသိပ်သံယောဇဉ်ရှိတာ။သားဘက်က စခေါ်ရင်သူမနေနိုင်ပါဘူး"
"ကျွန်တော် ရိပေ့ါ်ကိုအဲ့အချိန်တုန်းက ပြောခဲ့မိတာအတွက် စိတ်မကောင်းဘူး မား။ဒါပေမယ့် ရိပေါ်ကအခုဆိုရင် ကျွန်တော်တစ်ယောက်တည်းကိုကပ်တတ်တဲ့ ကလေးမဟုတ်တော့ဘူး။သူငယ်ချင်းအသစ်တွေလည်းရပြီး ပိုကျယ်တဲ့လူမှုပတ်၀န်းကျင်ကို ၀င်ဆံ့နေပြီ။ကျွန်တော်အဲ့နေ့က သူ့ကိုပြောခဲ့မိတာတွေအတွက် စိတ်မကောင်းပေမယ့် နောင်တမရဘူး မား။ပါးနေရာကို ဆက်ခံရမယ့်သူက သူ့အစ်ကိုကိုပဲ ခင်တွယ်ပြီး၊ဘာနေနေ စိတ်ထင်တိုင်း ပြုမူမယ့်သူမဖြစ်သင့်ဘူးလေ"
"သားကျန့် အတွေးကမမှားပေမယ့် မားကတော့ သားတို့နှစ်ယောက်ကို အရင်ကလိုပြန်မြင်ချင်တယ်။အချိန်တွေကမြန်ပါတယ်။ဘယ်အခိုက်တန့်ကိုမဆို မားတို့ တန်ဖိုးထားသင့်တယ် ကျန့်အာ"
"ဟုတ်ကဲ့ပါ မား။ကျွန်တော် မှတ်ထားပါ့မယ်"
မားအခန်းထဲမှထွက်သွားသော ရှောင်ကျန့် စိတ်ထဲ ရိပေ့ါ်ကို ပြေးတွေ့ကာ စကားပြောချင်လှသည်။သို့သော် စကားမပြောဖြစ်တာ လေးနှစ်နီးပါးရှိနေသည်မို့ ဘယ်ကစပြောရမယ်မှန်းမသိ။
အခန်းထဲမှ ထွက်ကာ ရိပေါ်အခန်းရှိရာတတိယထပ်ကို တက်လာခဲ့သည်။အခန်းရှေ့ရောက်တော့ ရင်တုန်လာကာ နောက်ပြန်လှည့်ဖို့လုပ်လိုက်သော်လည်း ပြောစရာရှိတာပြောမှဖြစ်မည်မို့ အခန်းတံခါးကို ခေါက်လိုက်သည်"ရိပေါ်ရှိလား ကိုကိုပါ ခဏစကားပြောချင်လို့"
ပါးဖတ်ခိုင်းထားသည့် စီးပွားရေးနှင့်ပတ်သက်သော စာအုပ်ဖတ်နေစဉ် တံခါးခေါက်သံကြောင့် ထိုင်ခုံမှရပ်လိုက်ကာ တံခါးဆီလျှောက်လာခဲ့လိုက်သည်။ကိုကို့ဘက်က သူ့ကိုစခေါ်ဖို့ဟန်ပြင်တိုင်း ရေီာင်ထွက်ခဲ့ပေမယ့် ကိုကိုကရော ဘာလို့သူ့ကို အတင်းလိုက်မခေါ်ခဲ့တာလဲဆိုတာ တွေးပြီး အောင့်သက်သက်ဖြစ်မိသည်။မနက်ဖြန် ပေကျင်းသို့သွားခါနီးမှ လာခေါ်သည်။တကယ်ကို တတ်လည်းတတ်နိုင်သည့်သူ။ဒီကသူစခေါ်မှာကို စောင့်နေခဲ့ရသည်။အခန်းထဲမှာ ပထမရတိုင်း အရင်ဆုံးပြောပြချင်ခဲ့ပေမယ့် မိမိကိုယ်ကိုထိန်းထားခဲ့ရသည်။ကိုယ်က အသည်းအသန်ဖြစ်နေပေမယ့် တစ်ဖက်လူက ကိုယ့်လောက်အလေးမထားသည့် ခံစားချက်ကတော်တော်ဆိုးသည်။

YOU ARE READING
Don't Leave Me (Yizhan)
Fanfictionချစ်ခြင်းတရားကို အဓိပ္ပာယ်ဖော်ဆိုပုံမတူသူတွေရဲ့ ချစ်ခြင်း