Chapter - 1

319 45 15
                                    

နဥ်ရှုသည် ဤတစ်ကြိမ်မှာတော့ သူ(မ)သည် ကမ္ဘာ၏မူလအစကို တွေ့နိုင်ပါစေဟု စိတ်ထဲတွင် ဆုတောင်းခဲ့သည်။

*ကမ္ဘာ၏မူလဇစ်မြစ်မှာ ကမ္ဘာတစ်ခုတည်းတွင်သာ အမြဲတမ်းရှိနေခဲ့သည်။ထို့ကြောင့်သာပဲ နဥ်ရှု၏စိတ်ကို အနည်းငယ် မအေးချမ်းနိုင်အောင် ဖြစ်နေမိသည်။

[*မမက ကမ္ဘာရဲ့မူလအစကို ရှာနေပေမယ့် အဲ့ဒါက ကမ္ဘာတွေအများကြီးထဲမှာမှ တစ်ခုသောကမ္ဘာထဲမှာပဲ အမြဲရှိနေတာပါ။တခြားဘယ်ကမ္ဘာမှာမှ ထပ်မရှိတော့လို့ပါတဲ့]

သည်ကမ္ဘာတွေအားလုံးက ကမ္ဘာ၏မူလအစကို မွေးဖွားပေးလို့ မရဘူးလား?

"ကောင်းပြီ၊ တယ်လီပို့ဖို့ အဆင်သင့်ပြင်ထားတော့။" 2333 ပြောပြီးသည်နှင့် နဥ်ရှုသည်လည်း ခေါင်းမူးသွားတော့သည်။

နိုးလာတဲ့အချိန်မှာပဲ မျက်လုံးဖွင့်ကြည့်လိုက်တော့ မိမိဟာ ကုတင်ပေါ်မှာ လဲလျောင်းနေပြီး ဘေးမှာလည်း နောက်ထပ် ကုတင်တစ်ခု ရှိနေတာကို တွေ့လိုက်ရသည်။ကြည့်ရတာ ဒီနေရာက ဟိုတယ်တစ်ခုမှာ ဖြစ်လိမ့်မယ်။

အတော်လေးစျေးသက်သာပြီး အဆင်ပြေတဲ့ဟိုတယ်မျိုးပဲ။

ဘေးက ကုတင်ပေါ်မှာလည်း လူတစ်ယောက်အိပ်နေခဲ့သည်။

လက်ရှိအချိန်မှာ မိုးကောင်းကင်ကလည်း အခုမှ စတင်ပြီး တောက်ပလာချိန် ဖြစ်သည်။ဘေးနားက ကောင်မလေးက ကိုယ်ကိုလှည့်ပြီး နဥ်ရှုအား ကျောပေးလိုက်သည်။

နဥ်ရှုသည် စောင်ကိုဆွဲယူခြုံလိုက်ပြီးနောက် မျက်လုံးမှိတ်ကာ ဇာတ်ကြောင်းကို စတင်လက်ခံလိုက်တော့သည်။

ဒါက သွေးစုပ်ဖုတ်ကောင်တွေရဲ့ ကမ္ဘာပါ။

သွေးစုပ်ဖုတ်ကောင်တွေဟာ မသေဆုံးနိုင်သူများဖြစ်ပြီး သူတို့ရဲ့အသွင်အပြင်ဟာ လူသားတွေကို စွဲလန်းသွားစေနိုင်ပြီး အထက်တန်းကျတဲ့ စျေးကြီးသော ပွဲတက်ဝတ်စုံများကို ၀တ်ဆင်တတ်ကြသည်။

အကြော့မော့ဆုံးနှင့် sexy ကျလွန်းသောနည်းလမ်းများကို အသုံးပြုခြင်းအားဖြင့် လူသားတွေရဲ့ လည်ပင်းကို ကိုက်တတ်ပြန်သေးသည်။

Vampire (Realm - 43) [Myanmar Translation]Where stories live. Discover now