Chapter - 6

228 45 8
                                    

"ရှင် ကျွန်မရဲ့သွေးကို စုပ်ထားတာမလို့ ကျွန်မလည်း ရှင့်ကို သေချာပေါက် လက်စားချေမှာ" Mina က စကတ်ကို ကိုင်မလိုက်ပြီး ထွက်ပြေးသွားတော့သည်။

နဥ်ရှုသည်လည်း Fei Rui ကို သတိထားစိုက်ကြည့်ရင်း ဖြည်းညှင်းစွာ နောက်ပြန်ဆုတ်ခဲ့သည်။

Mina ကျ ဒီလိုမျိုး ထွက်ပြေးသွားတာက အဆင်ပြေချောမွေ့နေပေမယ့် သူ(မ)ကျတော့ လုပ်လို့မရဘူးရော်။

Fei Rui ကလည်ပင်းကို ဘေးဘယ်ညာချိုးကာ လက်ကို မြှောက်လိုက်ပြီး ရှည်လျားချွန်ထက်သော ​လက်သည်းများက လက်ချောင်းထိပ်များမှ ရှည်ထွက်လာသည်။

"ရောက်တောင်ရောက်လာပြီပဲဟာ၊ ဒါဆို မပြန်နေနဲ့တော့၊ သွေးမုဆိုးတွေက အရမ်းလွန်လာပြီပဲ၊ ​​ငါ့ကိုတောင်မှ ချောင်းပြီး စောင့်ကြည့်ဝံ့တယ်"

Fei Rui ကတခဏချင်းပင် နဥ်ရှုရှေ့သို့ ရွေ့လျားရောက်ရှိသွားပြီး သွေးများစီးကျလာတော့မလို နီရဲတောက်ပနေသော လက်သည်းများက နဥ်ရှု၏မျက်နှာဆီသို့ ကုတ်ခြစ်လာခဲ့သည်။

နဥ်ရှုက ခေါင်းငုံ့လိုက်ကာ လက်သည်းများကို ရှောင်လိုက်သော်လည်း လက်သည်းများက သူ(မ)မျက်နှာကို ခြစ်မိသွားခဲ့ကာ မျက်နှာပေါ်တွင် သွေးစီးကြောင်းတွေ ချန်ထားခဲ့သည်။

နဥ်ရှုမှ အလျင်အမြန် နောက်ဆုတ်လိုက်ပြီး သူ(မ)၏စကတ်ကို ​ဆွဲတင်ကာ ခြေထောက်ပေါ်တွင် ကပ်ချည်ထားသည့် သေနတ်ကို ဆွဲထုတ်ကာ Fei Rui ကို ပစ်လိုက်သည်။

Fei Rui ကနေရာရွှေ့ပြောင်းပြီး ကျည်ဆန်ကို ရှောင်လိုက်သည်။ထို့အပြင် နဥ်ရှုရဲ့အရှေ့တည့်တည့်ကိုပါ နေရာရွှေ့ပြောင်းလိုက်တာဖြစ်သည်။

နဥ်ရှုသည် ကြက်သွန်ဖြူရေတစ်လုတ်ကို Fei Rui ၏မျက်နှာဆီသို့ ထွေးထုတ်လိုက်သည်။

Fei Rui ရဲ့မျက်နှာပေါ်တွင် အနံ့အသက်ဆိုးသော ကြက်သွန်ဖြူရေများ စွန်းထင်းပေသွားသည်။ အနံ့အသက်ကြောင့် နှာခေါင်းကိုသာ သက်ရောက်မှုရှိသွားသော်လည်း သူ့အပေါ်ကိုတော့ တခြားသောထိခိုက်မှုမျိူး မရှိပေ။

သို့သော်လည်း ကြက်သွန်ဖြူရေသည် သူ့မျက်လုံးထဲသို့ စင်သွားသောကြောင့် Fei Rui ၏မျက်လုံးများက ပို၍ပိုသာ နီရဲသထက် နီရဲလာတော့သည်။

Vampire (Realm - 43) [Myanmar Translation]Donde viven las historias. Descúbrelo ahora