Chapter - 2

203 41 9
                                    

သွေးစုပ်ဖုတ်ကောင်တွေက အမျိုးပြတ်နိုင်လောက်သည်အထိ ပြင်းထန်လွန်းအောင် ထိုးနှက်နိုင်တဲ့ အားနည်းချက်မျိုးမရှိသည့်အပြင် မသေနိုင်သော အမျိုးအစားမျိုးထဲ ပါဝင်သည်။ထိုအရာကပင် လူသားတွေက မက်မောပိုင်ဆိုင်နိုင်အောင် ကြိုးပမ်းနေသောအရာပဲ ဖြစ်သည်။

အချို့သော လူသားများသည် သွေးစုပ်ဖုတ်ကောင်တွေရဲ့ *ပြောင်းလဲပေးခြင်းကို ခံလိုကြပြီး အဆင့်နိမ့်သော သွေးစုပ်ဖုတ်ကောင်အဖြစ်လည်း နေလိုကြသည်။ဒါကလည်း ထာဝရအသက်ရှင်နိုင်သေးတာပဲလေ။

(*သွေးစုပ်ဖုတ်ကောင်က လူသားတစ်ယောက်ကို သူ့ရဲ့မျိုးနွယ်အဖြစ် ပြောင်းပေးလို့ရတယ်လို့ ဆိုကြပါတယ်။ဒါပေမယ့် လူသားကနေဖြစ်တည်တာမလို့ သွေးအဆင့်နိမ့်ပြီး အနိမ့်ဆုံးအဆင့်ပဲဖြစ်နိုင်ပါတယ်တဲ့။စိတ်ကူးယဥ်စာပေဖြစ်တဲ့အတွက် တစ်နေရာနဲ့တစ်နေရာတော့ တူညီနိုင်မှာ မဟုတ်ပါ။)

သို့ပါသော်လည်း သွေးမုဆိုးအဖွဲ့ဝင်ထဲက ဘယ်သူကမှ သွေးစုပ်ဖုတ်ကောင်မျိုးနွယ်စုနှင့် ဘယ်လိုပတ်သက်ဆက်နွယ်မှုကိုမှ ခွင့်မပြုထားပါ။

စည်းမျဥ်းစည်းကမ်းများကို ဖောက်ဖျက်လိုက်ပါက ထိုသွေးမုဆိုးမှာ သူ့ရဲ့စိတ်နှလုံးသားက ရှုပ်ထွေးညစ်ညမ်းနေခဲ့ပြီဟု သတ်မှတ်လိုက်ပြီး နောက်ထပ်သွေးမုဆိုးလုပ်ရန် မသင့်လျော်တော့ဟု မှတ်ယူမည်ဖြစ်သည်။

ထို့နောက်မှာတော့ ထိုသွေးမုဆိုးအား ကိုင်တွယ်ဖြေရှင်းလိမ့်မည်။

သွေးမုဆိုးများသည် မြင့်မားသောလစာနှင့် ရက်ရောလှတဲ့ အမျိုးမျိုးသော အကျိုးခံစားခွင့်များကို ရရှိနိုင်သော်လည်း တစ်စုံတစ်ခု မှားယွင်းသွားခဲ့ပါက သေလမ်းတစ်ခုတည်းသာရှိလေသည်။သွေးစုပ်ဖုတ်ကောင်များရဲ့ လက်ထဲမှာ သေရင်သေ မဟုတ်ပါက အဖွဲ့အစည်းအတွင်းရှိ လူများ၏လက်ထဲမှာ သေရလိမ့်မည်။

ဒီလိုအခြေအနေမျိုးမှာ ခုံရုံးတင်စီစစ်ခြင်းကို လုပ်လိမ့်မည်။ပြီးရင်တော့ တရားရင်ဆိုင်ရမယ့်သူတွေကို သတ်ပစ်လိုက်နိုင်သည်။

Jasmine က သည်လောက်ထိ အလွန်စိုးရိမ်နေရခြင်းမှာ Mina သည် သူ(မ)၏အဖော် ဖြစ်နေသောကြောင့် Mina သည် တရားစီရင်ခြင်းခံရရင် သူ(မ)သည်လည်း စီစစ်သူများနှင့် ရင်ဆိုင်ရမှာပဲဖြစ်သည်။

Vampire (Realm - 43) [Myanmar Translation]Where stories live. Discover now