Chapter - 7

88 24 10
                                    

ကိုယ့်ကိုကိုယ်အပေါ်ကျတော့ ဘယ်တော့မှ စည်းကမ်းဆိုတာမျိုး ချမှတ်မထားသလို ဘာကိုလုပ်ကိုလုပ်သင့်တယ်ဆိုတာမျိုးတွေ မသတ်မှတ်ထားပါပဲနဲ့ တခြားသူတွေအပေါ်ကျ တောင်းဆိုတဲ့လိုအပ်ချက်တွေက များပြားတင်းကြပ်‌လှသည်။

ကိုယ်တိုင်ကိုယ်ကျ အားထုတ်ရမှာကိုကျတော့ အလွန်အမင်းလျှော့ချပစ်ပြီး သူတစ်ပါးကိုတောင်းဆိုတာကကျ မဖြစ်မနေ ပြီးပြည့်စုံနေရမတဲ့လေ။

အလုပ်တွေကြိုးစားပြီး ကျွေးမွေးပြုစုခဲ့တဲ့ မိဘတွေအပေါ်ကျတော့ ကျေးဇူးတင်တတ်တဲ့ စိတ်အတွေးမျိုး နည်းနည်းလေးတောင်မှ မဝင်ဖူးပါဘဲနဲ့ လမ်းဘေးခွေးတစ်ကောင်ကို တွေ့လိုက်ရတဲ့အချိန်ကျရင်တော့ ခံစားချက်အပြည့်နဲ့ မျက်ရည်‌တွေတသောသောကျဆင်းပြပါလိမ့်မယ်။

အွန်လိုင်းပေါ်မှာဆိုရင်သာ စည်းကမ်းဥပဒေကိုလိုက်နာတဲ့ ဖြောင့်မတ်မှန်ကန်တဲ့လူတွေလို နေရဲကြတာ။စျေးဝယ်ထွက်ရင်း သူခိုးနဲ့ ဆုံလိုက်မိရင်ကျ အီးတောင်မှ ပေါက်ရဲကြတာမဟုတ်ဘူး။

နေ့စဉ်နေ့တိုင်း ညစ်ညမ်းတဲ့စကားလုံးတွေနဲ့ သူများကို ဆဲရေးတိုင်းထွာနေရင်တောင်မှ အဲ့ဒါဟာသူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်စွာစကားပြောပိုင်ခွင့်တဲ့...မင်းသာ တကယ်လို့ သူ(မ)ကို တစ်ခွန်းလောက်ပဲဖြစ်ဖြစ် ပြန်ပြောလိုက်မိရင် အဲဒါဟာ သူ(မ)ကိုအနိုင်ကျင့်တာပဲ။အလွန်အကျွံမတရားအနိုင်ကျင့်ခံလိုက်ရသလိုပုံစံက မသိရင် မုဒိမ်းကျင့်ခံလိုက်ရသလိုပုံစံမျိုးနဲ့...

နဉ်ရှုကတော့ တခွန်းပဲပြောလိုက်ချင်တော့သည်။

သွား-ိုးခံလိုက်ဟာ...

ဘေးနားမှာ ကောင်းကင်နဲ့မြေကြီးကိုသက်သေထားပြီးတော့ ကျိန်ဆိုနေတဲ့ Mina အား နဉ်ရှုက မမြင်သလိုသာ သဘောထားနေလိုက်သည်။

Mina ရဲ့စကားတွေက အီးပေါက်သလောက်တောင်မှ တန်ဖိုးမရှိလေဘူး။အီးပေါက်လိုက်ရင်တောင်မှ အနံ့အသက်ဆိုးတစ်ချို့အား ရနိုင်သေးသည်လေ။

မိမိအား နဉ်ရှုမှ အာရုံမစိုက်နေကြောင်း Mina ကမြင်လိုက်ရသည်နှင့် သေတ္တာကိုကိုင်ဆွဲကာ အပြင်ထွက်သွားတော့သည်။

You've reached the end of published parts.

⏰ Last updated: Nov 04 ⏰

Add this story to your Library to get notified about new parts!

Vampire (Realm - 43) [Myanmar Translation]Where stories live. Discover now