Chapter 129

1.4K 167 2
                                    

Unicode

ဒီလောကကြီးထဲမှာ ထိုသို့သောခံစားချက်မျိုးမရှိလို့ သူမကို အရမ်းရင်ထဲထိသွားစေတာများလား။ ဒါမှမဟုတ် စာရေးသူရဲ့နှလုံးသားထဲမှာ ဒီလိုခံစားချက်မျိုး ရှိနေလို့လား။

ကုမျန်သည် ခဏတာမျှ ထိုကွာခြားချက်ကို မပြောနိုင်ခဲ့ပေ။

"Ask the Immortals"ထဲရှိ ချန်းရှန်ကဲ့သို့ မသေမျိုးများ ဤလောက၌ အမှန်တကယ်တည်ရှိလျှင် ထိုသူသည် မည်သို့သောသွင်ပြင်မျိုး ရှိမည်နည်း။

သူ့တွင် ချစ်ခြင်းမေတ္တာ၊ ကိလေသာနှင့် လိုချင်တပ်မက်မှု မရှိသလို သူ့နှလုံးသားသည်လည်း ကောင်းကင်ဘုံသို့ တက်လိုခြင်းမှတပါး အခြားမရှိပေ။

သူသည် သန်မာအေးစက်ပြီး ဘယ်သူ့အတွက်မှ သူ့အလိုကို မရပ်တန့်ခဲ့သလို သူ့အလုပ်သင်လေးသည်ပင် သူ့နှလုံးသားထဲ၌ သိပ်နေရာမယူနိုင်ခဲ့ချေ။

ယင်းလျန်ကို သူ့တပည့်အဖြစ် လက်ခံခဲ့ရသည့် အကြောင်းရင်းမှာ သူမအား ကျေးဇူးပြန်ဆပ်ရန်သာ ဖြစ်သည်။

သို့သော်လည်း နောက်ဆုံးတွင်တော့ သူသည် သူမကို လက်ခံဖို့မရွေးချယ်ခဲ့ဘဲ ကောင်းကင်ဘုံသို့ တစ်ယောက်တည်းတက်ရန်သာ ရွေးချယ်ခဲ့၏။

"မသေမျိုးအရှင်ရဲ့အချစ်ကို တောင်းဆိုပါ့မယ်" သည် "Ask the Immortal" ၏ ဇာတ်ဝင်သီချင်းဖြစ်သော်လည်း ပုံစံမှာ လုံးဝကွဲပြားသည်။

"Ask the Immortal" သည် ရှန်းရှရုပ်ရှင်ဖြစ်ပြီး "မသေမျိုးအရှင်ရဲ့အချစ်ကို တောင်းဆိုပါ့မယ်"သည် ဒဏ္ဍာရီပုံပြင်တစ်ပုဒ်၏ ဇာတ်ဝင်သီချင်းဖြစ်သည်။

စာရေးဆရာက ထိုသို့သောစာသားတွေကို ရေးပြနိုင်လျှင် ထိုခံစားချက်များနှင့် အကျွမ်း၀င်နေရမည်ပင်။
ဒါပေမယ့် ကမ္ဘာပေါ်မှာ ဒီလိုလူ တကယ်ရှိရဲ့လား။

ကုမျန်က တွေးကြည့်ပြီးနောက် မေးလိုက်မိ၏။

လော့ချယ်က နှစ်စက္ကန့်လောက်တွေးဆပြီး ပြန်ဖြေပေးလိုက်ရသည်။"ဒီကမ္ဘာမှာ မဖြစ်နိုင်တာ ဘာမှမရှိဘူးလေ ကိုယ့်ရဲ့ရှာဖွေမှုက နက်ရှိုင်းလား၊ တိမ်လားဆိုတဲ့အပေါ်မှာပဲ မူတည်တယ်"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now