Part-2(U/Z)

149 12 4
                                    

"ဂွမ်!!!"

"ဟဲ့ကောင်မ..ညည်းစောက်ပေါက်ကို ပိတ်ဖို့...ဘယ်နှချက်လောက်ရိုက်ပေးရမလဲး"

တောင်ညိုရွာ၏ ကုန်စုံဆိုင်ကလေး ရှေ့၌ မိန်းမ တစ်ဦးသည် ထမိန်ရင်ရှား ဖြင့် မက်တပ်ရပ်နေသည်။ရေချိုးရင်းဖြင့် ထွက်လာဟန်ရှိပြီး လက်ထဲ၌ပါလာသည့် ဂန်းဖလားအားလည်း
ဆိုင်ထဲသို့ "ဂွမ်"ခနဲ လှမ်းပစ်လိုက်ပုံရသည်။

"ပိန်သေး ဆိုတဲ့ ကောင်မ ညည်းထွက်လာခဲ့စမ်းပါ!!!"

ဆိုင်ထဲသို့ လက်ညှိုးငေါက်ငေါက်ထိုး၍
ပိန်သေး ဆိုသူအား ခေါ်ထုက်နေပုံအရ
မကြာခင် မိန်းမနှစ်ဦး၏ ရန်ပွဲအား ကြည့်ရပေတော့မည်။

"လာပါပြီတော်..လာပါပြီ။ကျုပ်ဆိုင်ရှေ့မှာ ကျက်သရေမရှိ လာမအော်မနေစမ်းပါနဲ့"

"ကျက်သရေမရှိတာကျုပ်မဟုက်ဘူး။
ညည်းရဲ့ ပါးစပ်ကမှ ကျက်သရေမရှိတာအေ့"

ဆိုင်ထဲမှ ထွက်လာသူသည် နာမည်နှင့်လိုက်အောင် တကယ်ကို ပိန်ပိန်သေးသေးလေးပင်။သို့သော်..သူလည်း ဇ ကမသေးပါချေ။ သူ၏ ကြီးမားသော ဇ
သည် အတင်းပြောရာတွင် စံချိန်လွန်ပင် ဖြစ်သည်။

"ကျုပ်ပါးစပ်က ဘာဖြစ်လို့တုန်း..
ကျုပ်က ဟုတ်တာမှန်တာပြောတာ"

"ဟုတ်လည်း ပြောစရာမလိုဘူး။ကျုပ် သားငယ် အကြောင်းနောက်တစ်ခါ ပြောရင် ညည်းပါးစပ်ကို ကျုပ်ကိုယ်တိုင် ဆွဲးဖြဲပြစ်မယ်"

"အမလေး..ကြားကြရဲ့လား အရပ်ကတို့ရေ။ သူ့သားက အခြောက်မို့လို့
အခြောက်လို့ ပြောတာကို အမေဖြစ်သူက ရန်လာတွေ့တယ်တဲ့"

"ကောင်မ!!ကဲဟယ်...."

ထမိန်ရင်ရှားနှင့်မိန်းမ သည် သူ့ရှေ့ရှိ
ပိန်ပိန်သေးသေး ဒေါ်ပိန်သေး ၏ ဆံပင်များအား လက်တစ်ဖတ်နှင့် ဆုပ်ကိုင်ထားပြီး..ကျန်လက်တစ်ဖတ်ဖြင့် 'တဖြောင်းဖြောင်း'မည်အောင် ရိုက်တော့သည်။ထို့အပြင် ပါးစပ်မှလည်း..

"ရွှေဥ တဲ့ဟေ့!!တစ်ရွှေထဲးရှိတယ်..
ကြေးတောင် ယောင်ပြီးလာရောလို့မရဘူး"

"ဖြောင်း!!..ဖြောင်း..!!!"

ပါးရိုက်သံသည် အားပါပြင်းထန်ကာ
ဆက်တိုက်ဆိုသလို ထွက်ပေါ်နေသည်။
ဒေါ်ပိန်သေးခဗျာ..'အသံကြောင့်ဖားသေ' ဆိုသကဲ့သို့ မပြောသင့်သော စကား၊ မထိသင့်သော သူအားသွားထိမိသဖြင့် ပယ်ပယ်နယ်နယ်ကို အရိုက်ခံနေရချေသည်။

ပန်းတစ်ပွင့်၏ ဒဏ္ဍာရီ(Ongoing)Where stories live. Discover now