🌺1🌺

1.2K 18 0
                                    

ခေါင်ရမ်းပန်းငယ်အားတင်စားခြင်း...

Frangipani (တရုတ်စကားပန်း) ကပြောတယ်... တစ်စုံတစ်ယောက်ကို မြတ်နိုးရတာကလည်း ပူဆွေးစေတယ်တဲ့....

အဲ့ဒီ့ပူဆွေးခြင်းက မြတ်နိုးသူစီကဖြစ်နေလို့ ကျွန်တော် ကျေကျေနပ်နပ်ကြီးလက်ခံယူပါရစေ အကိုရယ်....

"ဒီမှာကောင်လေး မင်း‌အဖေလည်းသေပြီဆိုတော့ သူမသေခင်ကယူသွားတဲ့ အကြွေးတွေ ကို မင်းကသူ့သားဆိုတော့ ကျန်တာမင်းဆပ်"

"ဟို...ကျွန်တော်ကို အချိန်လေးတော့ပေးပါအုံးဗျာ"

"မရဘူး! မင်းအဖေက သူမသေခင်ထည်းက ဆပ်မဲ့အကြွေးကိုဟိုရွေ့ ဒီရွေ့နဲ့ ငါလူတစ်ယောက်ကိုအဲ့လောက်အချိန်မပေးနိုင်ဘူး"

"ကျွန်တော်မှာ အဲ့လောက်ပိုက်ဆံအများရီးမရှိသေးဘူးဗျ အဲ့တော့ ကျွန်တော်ကဘယ်လိုဆပ်ကမှာလဲ"

"ပင်ပင်ပန်းပန်းတော့ လုပ်စရာမလိုဘူး ငါခိုင်းတာကို မင်းက တိတိကျကျလုပ်ပေးရင် ငါဒီအကြွေးတွေအကုန်‌ေလျှာ်ပေးမယ် ဘယ်လိုလဲ ဟတ်!"

"ဟို...လေ ပင်ပင်ပန်းပန်းလုပ်စရာမလိုဘဲနဲ့ အကြွေးတွေကို လျှော်ပေးမယ်ဆိုတော့ ကျွန်တော်လုပ်ကမှာက ဥပဒေနဲ့မလွှတ်ကင်းတဲ့အလုပ်များလား....အဲ့လိုဆိုရင် ကျွန်တော် မ....မလုပ်နိုင်ပါဘူး"

"အဟား.....တည်လည်းကြောက်တက်သကို ကောင်လေးရယ် အဲ့လောက်မကြောက်ပါနဲ့ ဥပဒေနဲ့လွတ်ပါတယ်.....မင်းသာ ငါခိုင်းတာမလုပ်ပေးနိုင်ရင်တော့ ငါမင်းကိုရောင်းစားရလိမ့်မယ်....."

"ဒါနဲ့.....ကျွန်တော်က ခများခိုင်းတာမလုပ်ဘဲ ပိုက်ဆံနဲ့ဘဲ ကျန်တဲ့အကြွေးကိုဆပ်ချင်တယ်ဆိုရင်ရော...."

"အော်....ဒါကတော့ မင်းသဘောဘဲလေ...ဒါနဲ့မင်းညီမလေးက ချစ်စရာလေးနော်"

"ခများ!.... ညိုလေးကိုမထိပါနဲ့....ကျွန်တော်ခများခိုင်းတာအကုန် ကျွန်တော်လုပ်ပါ့မယ်...."

"တော်တယ်!.....အဲ့လိုမှပေါ့ ကောင်လေးရယ်"

"ကျွန်တော်က ဘာလုပ်ကမှာလဲ?...."

"ရော့....အဲ့မှာ ဓါတ်ပုံ....အဲ့ပုံထဲက ကောင်လေးနှစ်ယောက်ကို ပြတ်အောင်သွားလုပ်ပေး...သူတို့ပြတ်သွားတာနဲ့ မင်းတာဝန်ပြီးပြီး မင်းလုပ်တာအောင်မြင်တာနဲ့ အကြွေးတွေနဲ့သိမ်းထားတဲ့ ပြင်ဦးလွင်က မင်းတို့အိမ်ကိုငါပြန်ပေးမယ် "

ခေါင်ရမ်းပန်းငယ်အားတင်စားခြင်း🌺Where stories live. Discover now