🌺7🌺

468 16 2
                                    

*အပိုင်း 6 ကိုဒီမှာတစ်ပိုင်းပြန်ဆက်ပါမယ်နော် *
.........................….......................................

ကံကော်ပန်းလေးရဲ့ 'အဓိပ္ပါယ်က ထဝရချစ်နေမယ်'တဲ့

အကို့ပေါ်ထားတဲ့ အသွင်ရဲ့ အချစ်တွေက လည်း သည်အဓိပ္ပါယ်နဲ့ ထိုနည်းတူပါပဲအကို အကိုဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်ဖြစ် ဘယ်အခြေနေဘဲရောက်နေရောက်နေ ဘယ်ဘဝမှာဘဲ မွေးဖွားမွေးဖွား ကျွန်တော်ရဲ့ နုလုံးသားတစ်ခုလုံးကို အကို့ကို ထဝရပေးထားပါတယ်......။

‌ခေါင်ညို မာန်ရဲ့လက်မောင်းပေါ်မှာ မျက်လုံးများမှိတ်ကာနေနေပင်မဲ့ သူအိပ်မပျော်ခဲ့ပါ အလိုက်ကန်းဆိုးမသိတဲ့ မျက်ရည်တွေဟာအကိုလက်မောင်းပေါ်မှာ ရွှဲဆို နေလေပြီ

ပြင်သစ်ကိုသူလာဖို့ ကိုမင်းမြတ်မဟာ အတင်းအကြပ်‌လုပ်နေထည်းက မကောင်းတာတစ်ခုခုပဲဆိုတာတော့ သူခံစားမိသည် ပြင်သစ်ကိုရောက်တော့ လေဆိပ်မှာ အသက်သုံးဆယ်ဝန်းကျင်လောက်နဲ့ ဗလတောင့်တောင့်အကိုကြီးတစ်ယောက် သူ့ကိုလာကြိုတာဖြစ်ပြီးhotelတစ်ခုမှာ တည်းခိုင်းကာ ထိုလူကတော့ ပြန်သွားလေသည်။

ညရောက်တော့ ဖုန်းစိမ်းတစ်ခုဝင်လာပြီး ဘား နမည်ပြောပြီး သူ့ကိုလာခိုင်းသည် ဘားရောက်တော့ ရင်းနီးလွန်းတဲ့ ကိုယ်ထည်နှင့် မျက်နှာဘေးကြောင့် သူလည်းအနားကိုသွားကပ်ကြည့်မိတော့မှ အကိုဖြစ်နေတာပါလေ အကိုရဲ့ ရင်ဖွင့်တဲ့စကားများကို ရင်နင့်စွာဘဲ အဆုံးထိ‌နားထောင်ပေးခဲ့ပါတယ် ထိုနောက်မှာတော့ အကို့ကိုပြန်လိုက်ပို့ရင်း သည်လိုအခြေနေတွေဖြစ်ကုန်တော့တာပေါ့ အကိုဆေးမိသွားတယ်ဆိုတာလည်း သူကောင်းကောင်းသိပါတယ် ဒါတွေအကုန်လုံးဟာ မြင်းမြတ်မဟာရဲ့ အကြံစီတွေပေါ့....။

ခေါင်ညို တစ်ယောက် တွေးနေရင်းမှ ပြတင်းပေါတ်မှ အမှောင်နည်းနည်းလျော့ကာ အလင်းမှိန်မှိန်လေးကို တွေ့ရတာကြောင့် ဆက် လဲ မနေတော့ဘဲ ဖြေးညှင်းစွာထလိုက်‌ေလသည်

ထလိုက်သည့် တစ်ဆက်ထည်းမှာဘဲ ကြောတစ်လျောက် ဆူးအောင့်မှုက အတိုင်းဆမဲ့တာကြောင့် အသက်တောင် အောင့်မိသွားသည် နာရီပေါင်းများစွာ ဆက်ဆံခံလိုက်ရ‌တဲ့ ကောင်းကျိုးတွေထင်ပါရဲ့ ဘယ်လောက်ပဲနာကျင်ပါစေ အကို့စီက ရတဲ့ဘယ်အရာမဆို သူလက်ခံယူဖို့ ဝံ့မလေးပါလေ။ထိုအချိန်မှာဘဲ

ခေါင်ရမ်းပန်းငယ်အားတင်စားခြင်း🌺Where stories live. Discover now