ခရမ်းရောင် ကျူးလစ်ပန်းလေးရဲ့အဓိပ္ပါယ်ကတော့ 'ထဝရချစ်ခြင်း'တဲ့
လူတွေက အချစ်ဦးကိုရူးကြတယ်'ကို' အချစ်ဦးမို့ ရူးတောင်မမေ့နိုင်ပေါင်တဲ့လေ ထို့ကြောင့် အသွင်လဲ မေ့မရတဲ့အချစ်ဦး 'ကို'ကို ထဝရချစ်သွားပါရစေ....။
ထမင်းစားခန်းထဲတွင် ခေါင်ညိုတို့ မောင်နှမနှစ်ယေက် တိတ်စိတ်စွာ မနက်ဆာစားနေကြတာဖြစ်သည်။
ခေါင်ညို မုန့်ဟင်းခါးစားနေရင်းမှ ညီမဖြစ်သူညိုလေးအား ခဏခဏကြည့်နေလေမိသည်။ထို့နောက်မှာတော့ ချောင်းတစ်ချက် ဟမ့်ပြီး စကားစလိုက်တော့သည်။
"ညိုလေး....ကိုကို ညိုလေးကိုပြောစရာရှိတယ်"
တယောညိုလဲ သူ့အကိုရဲ့ တလေးတစားပြောလိုက်တဲ့အသံကြောင့် နားထောင်သူမှာ ပေါ့ပျတ်ပျတ်မဖြစ်အောင်လို့ စားလက်စ မုန့်ဟင်းခါး ပန်းကန်ထဲက ဇွန်းကိုခြလိုက်ပြီး သူ့အကို ကိုပြန်ကြည့်လိုက်ပြီး...
"ဟုတ်...ညိုညိုကို ဘာပြောစရာရှိလို့လဲ ကိုကို"
"ကိုကို ညိုလေးကိုဖွင့်ပြောစရာရှိတယ်...ကိုကိုတို့မှာ ပြေးကြည့်မှာ ဒီမောင်နှမနှစ်ယောက်ပဲရှိတာမို့လို့ ကိုကိုတင်ချန်မထားချင်ဘူး"
"ဟုတ်ကဲ့ပါ ကိုကို...အရေးကြီးတဲ့အကြောင်းရာစိုရင် ညိုညိုတို့စားသောက်ပြီးမှပြောကြရအောင်လေ"
"အွန်း...အဲ့လိုလုပ်ကြမလား"
သည်လိုနဲ့ မောင်နှမနှစ်ယောက် စားလက်စ မုန့်ဟင်းခါးကို သွက်သွက်လေးစားလိုက်ကြတော့သည်။တယောညို သူ့အကိုစားပြီးတဲ့ပန်းကန်ကိုပါ တစ်ခါထည်းဆေးလိုက်ပြီးမှာတော့ ဧည့်ခန်းမှာစောင့်နေမယ်ဆိုတဲ့ ကိုကိုစီကိုသွားလိုက်တော့သည်။ထို့နောက် တယောညို ခေါင်ညိုထိုင်နေတဲ့ သစ်သားခုံရဲ့ ဘေးနားမှ သစ်သားခုံတစ်လုံးပေါ်၌ ထိုင်လိုက်ပြီး သူ့အကိုပြောလာမဲ့စကားကို သေချာနားထောင်လိုက်တော့သည်။
"ကိုကိုပြောချင်တာက....ကိုကိုလူတစ်ယောက်ကို စောင့်ရှောက်ပေးရမယ့် တာဝန်ရှိတယ် ညိုလေး...သူက ကိုကို့ကြောင့် မျက်လုံးနှစ်လုံးလုံး ကွယ်သွားခဲ့ရတဲ့အထိ ဒုက္ခရောက်သွားတဲ့လူလို့ပြောလို့ရတယ် ညိုလေး...အဲ့တာကြောင့် ကိုကို သူ့ရဲ့မျက်လုံးတွေပြန်ကောင်းသွားတဲ့အထိ တာဝန်ယူသွားချင်တယ်.."
YOU ARE READING
ခေါင်ရမ်းပန်းငယ်အားတင်စားခြင်း🌺
Teen Fictionခေါင်ရမ်းပန်းက ခများတို့ ထင်သလို မယုတ်ညံ့ရပါဘူး!!!... "ကြွေပန်းကိုဒူးေထာက်ကောက်ကလို့ မာနထိခိုက်တယ်လို့အကို့ကို မဆို စေချင်ဘူး ကြွေပန်းဆိုတာ ချစ်ရသူက ပင်မြင့်ထပ်ကနေပင်ပင်ပန်းပန်းခူးနေရတာကိုမကြည့်ရက်လို့ မာနများကိုခဝါချကာ မြေပြင်ပေါ်သို့ ကြွေကျပေးထား...