"နေကြာပန်း"လေးရဲ့အဓိပ္ပါယ်က"မင်းဘဝရှေ့ရေးအဆင်ပြေဖို့ ကိုယ်တာဝန်ယူပါတယ်"တဲ့
အသွင် နှလုံးသားတစ်ခုလုံး နာကျင်ရရင်လည်းနာကျင်ရပါစေလေ ယခုအချိန်မှစပြီး အချိန်တစ်ခုအတွင်းထိ 'ကို'အတွက် အဆင်ပြေပြေနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ဖို့ အသွင် တာဝန်ယူပါတယ်ဗျာ.....။
ခေါင်ရမ်းပန်းငယ်အားတင်စားခြင်း(10)🌺
ခရီးတထောက်နားကာ ထမင်းစားကြပြီးထည်းက ကားပေါ်၌အကိုဟာ သူ့ရဲ့ပခုံးပေါ်မှာမှီကာအိပ်၍ လိုက်ပါလာတော့သည်။
အကိုရဲ့ ကုမဏီကြီးကတော့ နည်းနည်ဆိုများများလုပ်ချင်ကြတဲ့ လူတွေရဲ့ပါးစပ်ကပေါတ်ပန်းဈေး သတင်းတွေကြောင့် ရှယ်ယာများတစ်ဟုန်တိုး ထိုးကြသွားတော့သည်။နောက်ထပ်သတင်းထပ်ကြားမိတာကတော့ ယခုလက်ရှိ အိမ်ကလည်းရောင်းလိုက်ရသည်လို ဆိုကြပြန်သည်။
ထိုလို့ဖြစ်သည်မှာလည်း အကို့မှာဆွေသားချင်းရယ်ဟူ၍ တစ်ယောက်မျှပင်မရှိသောကြောင့်ဟုဆိုရပေမည်။အကိုဟာ တစ်ကောင်ကြွက်တစ်ယောက်ပါလားဟု သူတွေးမိလိုက်တိုင်း စိတ်ထဲ၌အကို့အား သနားမိသည်မှာအခါအခါပင်။
သူဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာခြထားပါသည် ထိုသည်မှာ အကိုရဲ့မျက်လုံးတွေကိုသူအကောင်းဖြစ်အောင် ရအောင်ကုပေးပါမည်။ခွဲစိတ်ဖို့အတွက် ပိုက်ဆံဟာအဆင်မပြေသေးသောကြောင့် ခဏလောက်တော့စောင့်ရပေအုံးမည်ပေါ့လေ။
အကို့အားပျော်ရွှင်စွာထားပါမည် အချိန်တန်လို့ အမှန်တရားများအား အကိုသိသွားရင် သူ့ကိုထားသွားမှာ ကျိန်းသေပါသည် ထို့သို့ သူ့အား အကိုကထားသွားမည်လို့ တွေးလိုက်မိတိုင်း နှလုံးသားနေရာ ဆူးတက်လာကာ မွန်းကြပ်မတပ်ခံစားရသေးသည်။
ပြင်ဦးလွင်မြို့မှာကြိုဆိုပါ၏ ဟူသောဆိုင်းဘုတ်ကြောင့် သူတို့ပြင်ဦးလွင်မြို့မှရှိသော ငယ်ငယ်က နေခဲ့ဖူးသည့် အိမ်လေးကို ခြေပြန်ချရတော့မှာပါလား ဆိုသည့်အတွေးကြောင့် ခေါင်ညိုရော ညိုလေးပါ ဝမ်းနည်းဝမ်းသာစိတ်တစ်ချို့ ဖြတ်သွားလေတော့သည်။ဝမ်းနည်းစိတ်ဖြစ်သည်မှာ အဖေနဲ့အမေအား လွမ်းချင်းကြောင့်ဖြစ်ပါသည်။
YOU ARE READING
ခေါင်ရမ်းပန်းငယ်အားတင်စားခြင်း🌺
Teen Fictionခေါင်ရမ်းပန်းက ခများတို့ ထင်သလို မယုတ်ညံ့ရပါဘူး!!!... "ကြွေပန်းကိုဒူးေထာက်ကောက်ကလို့ မာနထိခိုက်တယ်လို့အကို့ကို မဆို စေချင်ဘူး ကြွေပန်းဆိုတာ ချစ်ရသူက ပင်မြင့်ထပ်ကနေပင်ပင်ပန်းပန်းခူးနေရတာကိုမကြည့်ရက်လို့ မာနများကိုခဝါချကာ မြေပြင်ပေါ်သို့ ကြွေကျပေးထား...