Chapter 7

750 125 1
                                    

🐯Chapter 7

ထိုနေ့ညနေတွင် ကုယွီမြန်က ယမန်နေ့မှ တိုက်ရိုက်ထုတ်လွှင့်မှုအား သေသေချာချာ ပြန်လည်သုံးသပ်ကြည့်သည်။ သူက တင်ဆက်သူတစ်ဦးအနေဖြင့် အရည်အသွေး၊ ရုပ်ရည်ချောမောခြင်း၊ ဖော်ရွေပျူငှာခြင်း စသည်တို့ ရှိမနေသည့်အပြင် ပုံပြင်ဇာတ်ကြောင်းများလည်း မပြောတတ်ပေ။ ကုယွီမြန် တွေးမိသည်မှာ သူက မည်သည့်နေရာတွင်မျှ ထူးချွန်ခြင်း ရှိမနေဟုပင်။

သို့သော်လည်း အဆုံးတွင် ကြည့်ရှုသူများ၏ တုံ့ပြန်ပုံက ကောင်းမွန်လာသည်။

အဓိကသော့ချက်က ဘာများဖြစ်မလဲ...

ကုယွီမြန်မှာ စားဖိုမှူးတစ်ယောက် မဟုတ်ချေ။ သူ၏ ကျွမ်းကျင်မှုကို အသုံးပြု၍ အရသာရှိသည့် အစားအသောက်အချို့ ချက်ပြုတ်နိုင်သည့်တိုင် အစားအသောက်တင်ဆက်သူတစ်ဦး ဖြစ်လာရန် အရည်အချင်း မပြည့်မီပေ။ ကုယွီမြန် ယမန်နေ့မှ ဗီဒီယိုနှင့် ဖန်သားပြင်ပေါ်တွင် ပေါ်လာသည့် မှတ်ချက်များအား လေ့လာသုံးသပ်ပြီးနောက်တွင် အကြောင်းအရင်းအား ရှာဖွေတွေ့ရှိလိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှု၏ ဒုတိယတစ်ဝက်မှာ နှင်းကျားသစ်လေး၏ ရှုထောင့်သို့ ပြောင်းလဲသွားပြီး မှတ်ချက်များ တဟုန်ထိုး တက်လာသည်။ သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုများအား မည်သို့ပြုလုပ်ရမည်နည်းဟူသည့် စိတ်ကူးအကြံဉာဏ်များ ရရှိလာပုံပင်။

“ထွမ်ထွမ်ရေ...”

ကုယွီမြန်က နှင်းကျားသစ်လေးအား ကောက်ယူပွေ့ချီပြီး မေးလိုက်သည်။
“မနက်ဖြန် တိုက်ရိုက်ထုတ်လွှင့်ရင် ထွမ်ထွမ်က ကူပေးမလားဟင်... ကလေးလေး လုံးဝ မပင်ပန်းစေရဘူးလို့ ကတိပေးတယ်နော်...”

နှင်းကျားသစ်လေး : “...”

သူက ထိုလူသားအား လုံးဝမနှစ်မြို့ဟန်ဖြင့် စိုက်ကြည့်လိုက်သည်။

အရူးလို တုံးတုံးအအ နာမည်မျိုး ဘယ်သူ့မှာ ရှိလို့လဲ...

အတိတ်တွင် ထိုကဲ့သို့သော အကြည့်မျိုးဖြင့် ကြည့်လိုက်ပါက အတွင်းဝန်များနှင့် အရာရှိများအားလုံး ဒူးထောက်ကာ တုန်ယင်နေကြလိမ့်မည်။ သို့သော်လည်း ဤလူသားမှာမူ အနည်းငယ်မျှပင် ဂရုမထားချေ။

ကြယ်တာရာခေတ်မှာ liveလွှင့်ရင်း သားပေါက်လေးတွေ ပျိုးထောင်မယ်Where stories live. Discover now