🐯Ch 8
ကုယွီမြန်၏ နှိပ်နယ်ပေးသော ကဏ္ဍအား နှုတ်မြိန်စာအဖြစ် သတ်မှတ်နိုင်သော်လည်း ကြည့်ရှုသူများ၏ တုံ့ပြန်မှုမှာ သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေလေသည်။
【နေဝင်ဆည်းဆာက ဆိတ် : ဘယ်လိုဖြစ်တာလဲ... ဒါကအရမ်းသက်သောင့်သက်သာရှိပြီး အိပ်ချင်စေတယ်...】
【ပါးနီလေး: + 1.】
【တရုတ်ပြည်တောင်ဘက်ကကျားကဘယ်တော့ချိန်းမတွေ့ဘူး : ဝှက်သယ်ဖတ်…】
【တိမ်လေးတစ်ခုရှိတယ် : မင်းက ချဲ့ကားပြောနေတာဘဲ…】
ထို ‘တိမ်လေးတစ်ခုရှိတယ်’ ဟူသည်မှာ လင်းယွင်ဖြစ်သည်။ သူမအနေဖြင့် စက္ကန့်အနည်းငယ်မျှ မိန်းမောသွားမိခဲ့ကြောင်း ဝန်ခံရပေမည်။ ထိုလူသားမှာ အနည်းငယ် ထူးခြားပုံရသည်။ ထိုလူသားအပေါ် မကောင်းမြင်စိတ် မရှိတော့သည့်အပြင် ပို၍ပင် နီးကပ်လာချင်မိသည်။ အထူးသဖြင့် သူမ၏ နောက်ကျောအား ထိတွေ့ချိန်တွင် စွမ်းဆောင်ရည်အချို့ ရှိပုံပင်။
များမကြာမီတွင် လင်းယွင်က မိန်းမောနေရာမှ နိုးထလာခဲ့သည်။ တင်ဆက်သူမှာ ကောင်းမွန်သည်ဟု ဆိုရမည်ဖြစ်သော်လည်း မည်သည်ကြောင့် မှတ်ချက်များမှာ အလွန်အကျူး ချဲ့ကားနေရသနည်းဟု တွေးမိပြီး သူမအလွန် စိတ်ပျက်သွားသည်။
ဒီတင်ဆက်သူကို ဘာလို့ အဲ့လောက်ကြိုက်နေကြတာလဲ…
လင်းယွင်မှာ ရုပ်ဝါဒီသမားဖြစ်သောကြောင့် ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့နိုင်ခြင်း မရှိပါက အယုံအကြည် ကင်းမဲ့တတ်သူဖြစ်သည်။【တိမ်လေးတစ်ခုရှိတယ်: ဘာလို့လူတချို့က အရမ်းချဲ့ကားနေကြတာလဲ... သူက နတ်ဘုရားတင်ဆက်သူ မဟုတ်ဘူးလေ... သူလုပ်နိုင်တာကို ဘာလို့ တခြားတင်ဆက်သူတွေက မလုပ်နိုင်ရမှာလဲ…】
ထိုမှတ်ချက်အား သံယောင်လိုက်သူများ ရှိလာသည်။ ကြည့်ရှုသူ တစ်ရာကျော်တွင် အများစုမှာ ‘လူသား’ ဟူသော စကားလုံးနှင့် ပတ်သက်၍ ပြဿနာဖန်တီးချင်ကြသူများ ဖြစ်သောကြောင့် အဆုံးတွင် အခွင့်အရေး ရလာကြသည်။
【တောထဲမှာ သမင်တွေရှိတယ်: + 1 ငါလည်း သူက လုံလောက်အောင် မကောင်းဘူးလို့ ထင်တယ်…】
YOU ARE READING
ကြယ်တာရာခေတ်မှာ liveလွှင့်ရင်း သားပေါက်လေးတွေ ပျိုးထောင်မယ်
FantasyThis is not my own story