🐯Chapter 18
ကောအာရှစ်စစ်၏ မိဘများထံသို့ခေါ်သော ဗီဒီယိုကောက မကြာမီတွင် ချိတ်ဆက်မိသွားသည်။
အလင်းမျက်နှာပြင်တွင် ကောအာရှစ်စစ်နှင့်တူသည့် ခပ်ဝဝပန်ဒါနှစ်ကောင်ရှိနေသည်။
ဘယ်ဘက်မှပန်ဒါက နေကာမျက်မှန်နှင့် ပန်းပွင့်လည်စည်းအား ဝတ်ဆင်ထားသည်။ သူက မေမေကောမူဖြစ်သည်။
ညာဘက်ရှိပန်ဒါက နေကာဦးထုပ်နှင့် ကမ်းခြေဘောင်းဘီအားဝတ်ဆင်ထားသည်။ သူက ကောအာရှစ်စစ်၏အဖေ ကောအာရှစ် (ဒယ်အိုး၂၀)ဖြစ်သည်။
နှစ်ပေါင်းများစွာကြာပြီးနောက် ကောမိသားစုက ကြီးမားသောအဖွဲ့အစည်းဖြစ်လာခဲ့၍ ကောမူနှင့် ကောအာရှစ်တို့က သွေးသားမတော်စပ်ကြပေ။
[T/N အရင်ကတော့ အကောင်ရေနည်းလို့ သွေးသားတူအချင်းချင်းယူကြပေမယ့် နှစ်ပေါင်းများစွာကြာပြီဆိုတော့ အကောင်ရေတွေ တိုးလာပြီမို့ သူတို့လင်မယားနှစ်ယောက်က သွေးသားရင်းမဟုတ်တော့ပါဘူးလို့ ဆိုလိုချင်တာမျိုးထင်ပါတယ် ၊ စကားမစပ် သုံးကောင်လုံးကို ဖက်ချင်လိုက်တာ မျက်စိထဲမြင်ယောင်မိနေပြီ ဝဝလုံးလုံးနဲ့အူယားစရာလေးတွေနေမှာ (*>∇<)ノ ]
ကောအာရှစ်ရ နေရောင်ကာထီးအောက်တွင် အိပ်ချင်မူးတူးဖြင့် သူ့ဗိုက်ဖြူဖြူကို ကုတ်နေသည်။
"ဝူး... မင်းအဖေနဲ့ငါက ရှေးဟောင်းကမ္ဘာပေါ်က ဟာဝိုင်ရီကျွန်းပေါ်မှာ အပန်းဖြေခရီးထွက်နေတာ..."
ကောမူက သူ့လက်ထဲရှိမှန်ကို ကြည့်နေသည်။"ငါတို့ကို ဘာလို့ ထပ်ခေါ်ပြန်တာတုန်း... မနေ့ကမှ စကားပြောပြီးတာ မဟုတ်ဘူးလား..."
သူမ ခဏရပ်သွားပြီး မိခင်တစ်ယောက်၏ အလိုလိုသိစိတ်ဖြင့် နားလည်သဘောပေါက်သွားသည်။
"ကလေးလေး... ဘိုးဘွားပိုင်စီးပွားရေးက အဆင်ပြေရဲ့လား..."ရှေးဟောင်းကမ္ဘာပေါ်တွင် လေးလကြာအပန်းဖြေခရီးထွက်ရန်အတွက် လျှောက်ထားရသည်မှာ မလွယ်ကူပေ။ ကမ္ဘာ့အပြင်ဘက်မှ အဝင်ဖုန်းခေါ်ဆိုမှုကိုလည်း ကန့်သတ်ထား၍ သူတို့အားလပ်ချိန်၌ မလိုအပ်လျှင် ဖုန်းမခေါ်တတ်ကြပေ။
YOU ARE READING
ကြယ်တာရာခေတ်မှာ liveလွှင့်ရင်း သားပေါက်လေးတွေ ပျိုးထောင်မယ်
FantasyThis is not my own story