အပိုင်း၁

1.3K 8 0
                                    

ကျနော့် နာမည်က ပြည့်ဖြိုးလျှံပါဗျ

အသားကလဲ ဖြူဖြူ အရပ်ကလဲ ခပ်မြင့်မြင့် လူပုံကလဲ ခပ်ချောချော ဆိုတော့ဗျာ......
ရှမ်းတရုတ် ကပြားလေးပါဗျ...

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီပန်းပေါ့ဗျာ... မိဘကလဲ မရှိမရှား လူတန်းစားပါဗျ...

မဆင်းရဲပေမယ့် အတော်အသင့် မျက်နှာမငယ် လူ့အောက်မကျ အောင်တော့ နေ နိုင်ပါတယ်ဗျ..

ကျနော်က စော်ရော ဘဲပါကြည်တာဗျ....
Gym လဲဆော့တယ်... Work out တွေလဲ လုပ်ဖြစ်ပါတယ်...

အစားအသောက်လဲ ဂရုတစိုက်စားတော့ ခန္ဓာကိုယ်က အတော်လေး မိုက်နေတာဗျ..
Gym ဆော့တော့ ဖင်လဲ အတော်ကိတ်တယ်ဗျ.. ဟီးး

ဒါကတော့ ကျနော့် အခင်ဆုံးသူငယ်ချင်းပါဗျ
မြတ်မင်းခန့်တဲ့ဗျ.. သူကတော့ အသားကခပ်ညိုညို နဲ့ အရပ်မောင်းလဲ အတော်ကောင်းတယ်ဗျ...

ဗလ လဲ အတော်လေးရှိတယ်... သူ့ကိုလဲ အပျိုချောလေးတွေ တော်တော် များများက သဘောကျ ကြတာ မဆန်းပါဘူးဗျာ....

မေးရိုးကားကား ရင်အုပ်ခပ်ကျယ်ကျယ် နဲ့ညှို့ယူတတ်တဲ့ ​မျက်လုံးပိုင်ရှင်ကို ဘယ်သူမှ မလွန်ဆန်နိုင်တာ မဆန်းပါဘူးဗျာ....

သူကတော့ ကျနော့်ထက် အတော်ပိုပြီး အဆင်ပြေပါတယ်ဗျာ... တက္ကသိုလ်တက် ကတည်းက R 6 တို့ R15 တို့ကို တစ်စီး ပြီးတစ်စီး စီးတာဗျ...
သူဋ္ဌေးသားပဲလေ စီးနိုင်တာပေါ့...

ကျနော်ကတော့ သူ့ဆီကနေ အဲ့ဆိုင်ကယ်ကြီးတွေကို ခဏခဏ ယူစီးဖြစ်တယ်... သူငယ်ချင်းဆိုတော့လဲ ပေးစီးတာပေါ့ဗျာ...

သူကစော်တွေလဲ တစ်ယောက်ပြီးတစ်ယောက် ထည်လဲ တွဲတာဗျ.. ကျနော်ကတော့ အေးဆေးသမားပါပဲ...

သူကအမြဲပြောတတ်သေးတယ် ငါက အဲ့စော်တွေ ကြောင့် စိတ်ညစ်ရတာတဲ့ဗျာ...

သူ နဲ့ ကျနော်က ရင်ဖွင့်ဖော်သူငယ်ချင်းတွေလေ ဗျ..
အထက်တန်းတစ်လျှောက် အတူတူ တက်လာကြတာ ဆိုတော့ ဆိုးတူကောင်းဖက် ဘော်ဒါ တွေပေါ့ဗျာ....

သူ့ဖက်ကတော့ ကျနော့်ကို သူငယ်ချင်း လိုသဘောထားပေမယ့် ကျနော့်ဖက်က ကာမရမ္မက်ကို မထိန်းနိုင် မသိမ်းနိုင်တော့ပါ...

My LordWhere stories live. Discover now