အပိုင်း၅

619 4 0
                                    

ဟုတ်.. ကိုကို.. လျှံ..  နန်းဆန်အောင်ဝတ်ခဲ့မယ်.... ကိုကို လုံးဝကြွေသွားအောင်...

ကျနော့်ကို နန်းဆန်အောင် ဝတ်လာခိုင်းပြီး မနက်ဖန် ဘာဆက်ဖြစ်မယ်ကို ကျနော် တည လုံး တွေးနေမိတယ်.. မနက်ဖန် အတွက် ရင်တွေ ခုန်လွန်းလို့ပေါ့...

မနက်အရောက်တွင်..ကျနော်က ကော်လံကတုံး အဖြူလေးဝတ် ပြီးတော့ အောက်က အင်းမပုဆိုးခဲရောင်လေး ကို ဝတ်... ဆော့မှာဆိုတော့  Boxer စစ်စိမ်း ရောင်လေးပါ ဝတ်လာခဲ့တယ်..
နာရီလေးနဲ့  ဖီချူးလေး လဲ ဝတ်ခဲ့တယ်... ေမာင်းကွင်းလေးလဲ ပါတာပေါ့ဗျာ...

ကိုယ့်ဘာသာကိုယ် ပြန်ကြည့်ပြီး ကြွေနေမိတာ..
ကိုသာ မြင်လို့ကတော့...  ထိုင်ကြည့်နေမှာ လုံးဝသေချာတယ်...

တီ.. တီ.. ဟာ..  ကို အိမ်ရှေ့က ဟွန်း တီးနေတာပဲ..
အမြန်ဆင်းမှပဲ...

မေမေရေ ..သား ... သူငယ်ချင်းနဲ့ အပြင် ခဏလေးသွားမလို့...

အေးအေး... သေချာဂရုစိုက်သွားနော်..သားရေ..

ဟုတ်... မေမေ ...

အောက်ရောက်တော့ သေချာ ကြည့်လိုက်တော့မှပဲ...
ကိုလဲ အတော် မိုက်နေတာပဲဗျ... ရခိုင်ပုဆိုး နဲ့ ခဲရောင် စတစ် နဲ့ အတော်မိုက်နေတာပဲဗျ..

ဒီတစ်ခါတော့ PCX အဖြူလေး နဲ့ဗျ... ဟီး.. အတော်မိုက်တဲ့ဘဲပါဗျာ..

လျှံ..​အမြန်လာပါကွ...ငါမနက်စာမစားရသေးဘူး...

လာပါပြီ...

ဟာ... မင်းက ငါ့ရဲ့ လျှံပါနော်...ဟုတ်ရဲ့လား.. စောစောက သေချာမကြည့်မိလိုက်တာ..ဟာကွာ... စောက်ရမ်း မိုက်နေတာ...စော်တွေ ကြွေကုန်တော့မှာပဲ.... ရော့ ဆိုင်ကယ်ဥိးထုပ်ဆောင်း.. အရင်ဆုံး စားကြမယ်...

ကို... လျှံမှာ ပိုက်ဆံသိပ်မပါဘူးနော်...

ကို့မှာပါတယ်.. ဒီနေ့ တနေကုန်.. ကို ရှင်းမယ်...
ညကျ ကို မင်းကို တဝ စားမယ်... ဟားး

ပြောရင်းဆိုရင်း ကိုက လက်ဖက်ရည်ဆိုင်ကို စပြီးမောင်းတော့တယ်... ကမ်းနားလမ်းဖက်က လက်ဖက်ရည်ဆိုင်လေ.. အတော်ကောင်းဗျာ...
စည်လုံတီး လေးသောက်ပြီး ဆေးလိပ်လေး ခဲ လိုက်တာ.. အရသာကိုရှိနေတာပဲ...

My LordWhere stories live. Discover now