*ကိုကိုဒီနေ့ Anniversary နေ့နော်မေ့နေမယ်*
သူ့ဆီဝင်လာတဲ့စာလေးကို ကြည့်ပြီးပြုံးလိုက်သည်။
ဂျုတီကုတ်အဖြူလေးကို စားပွဲခုံပေါ်ကိုတင်ပြီး
သူနဲ့သူ့ကောင်လေးတူတူရိုက်ထားတဲ့ပုံလေးကိုကိုင်ကြည့်ပြီး ထပ်ပြုံးမိသည်။ ယခုချိန်ဆိုသူနဲ့သူ့ကောင်လေးတူတူရှိနေတာ ၅နှစ်တောင်ရှိပြီတဲ့လေ။နေရာတစ်နေရာမှချိန်းထားပြီး ထိုမှတဆင့်
Nami Island ကိုသွားရန်စီစဉ်ထားသည်။
အခုချိန်တွင် လမ်းတဖက်မှာရှိနေတဲ့ သူ့အကောင်ပေါက်လေးကို မြင်နေရသည်။" ကိုကို "
သူက တဖက်က ကားလာနေတာကိုမမြင်ဘဲအတင်းဖြတ်ကူးလာသည်။
" ကိုကို " ထိုအသံကိုဘဲကြားလိုက်ရပြီးလောကကြီးတစ်ခုလုံးကို မျက်ကွယ်ပြုလိုက်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုကို*
ခေါ်နေပင်မဲ့ပြန်ထူးမလာတဲ့ အခြေအနေကိုသူသိပ်မုန်းသည်။ သူ့ကြောင့်ကိုကိုအခုလိုဖြစ်ရတာဆိုတဲ့အတွေးများသာ ခေါင်းထဲမှာပြည့်နှက်နေသည်။
ဆေးရုံကုတင်ပေါ်မှာ သွေးတွေနဲ့ပေနေတဲ့ကိုကို့ရဲ့ကိုယ်ကိုထွေးပွေ့လိုက်သည်။
" ဟယ်ချန်းးး "
သူရဲ့ တစ်ဦးတည်းသောသူငယ်ချင်းဂျယ်နိုကသူ့ပခုံးကို
ကိုင်ပြီးပြောလာသည်။" မင်းအမှားမဟုတ်ပါဘူးကွာ "
" ဂျယ်နို ငါဘယ်လိုအသက်ရှင်ရမလဲကိုကိုကငါ့ကိုကယ်ရင်း ငါ့ကိုဘေးကိုတွန်းပို့ရင်း သူအခုလိုဖြစ်တာတဲ့ငါဘယ်လိုဖြေသိမ့်ရမလဲ ဂျယ်နို "
တကယ်လည်းကိုကိုကသူ့အစားဝင်ခံလိုက်လို့အခုလိုဖြစ်ရတာဖြစ်သည်။ ပြေးလာတဲ့အချိန်တစ်ဖက်ကကားကိုမကြည့်ဘဲလမ်းကူးလာတာကိုကိုကိုကမြင်ပြီးသူ့ကိုအဝေးတွန်း
ထုတ်လိုက်တာကြောင့် ထိုကားက ကိုကို့ကိုတိုက်မိတာပြီးအခုလိုဖြစ်ရတာဖြစ်သည်။တစ်ညလုံးသူငိုခဲ့ရသည်။ ကိုကိုမရှိဘဲနဲ့မနေနိုင်တာကြောင့်။ ကိုကိုဝတ်လာတဲ့ Coat ရဲ့အိတ်ကပ်ထဲမှာ ထည့်ထားတဲ့ဘူးကိုတွေ့လိုက်ရသည်။