Living in a fantasy (Nomin)

618 46 28
                                    

" ငါဒီခါ တကယ် မလိုက်ချင်တာပါဆို"

" တစ်ခါတစ်လေမှ ကျောင်းက Trip သွားရတာကို မင်းကလည်း လိုက်ခဲ့ပါ ဂျယ်မင်းရယ် "

" မင်းတို့ဘဲ သွားပါဆိုနေမှ ငါမလိုက်တော့ဘူး"

" ဟာ!!!! မင်းက တော်တော်ပြောရခက်တဲ့သူပါလားလိုက်ခဲ့ပါဆို "

" ငါတကယ် မသွားချင်တာ ရွမ်ကျွင့်ရဲ့
မင်းလိုက်ချင်ရင်လိုက်သွားပါဆို ငါတကယ်ပြောတာ လိမ္မာပါတယ်"

" မရဘူး ဒီကိစ္စကချန်းလော့ကို ဖုန်းဆက်တိုင်းမယ်
မင်းမလိုက်ဘူးဆိုတဲ့ဟာကို ပြီးတော့ သူလည်း
လိုက်မဲ့ဟာကို မင်းကလည်း လိုက်ခဲ့ပါ တစ်ခါဘဲ
နောက်တခါဆို ငါတကယ် မခေါ်ဘူး တကယ်ကတိပေးတယ်"

" ဟမ်းးးးးးး တကယ်နော် ဒါနောက်ဆုံး အကြိမ်နော်
နောက်ခါ ငါမလိုက်ဘူးနော် "

" အင်း အဲ့ဆို အတန်းခေါင်းဆောင်ကို ငါစာရင်းသွားပေးလိုက်မယ်နော် လိုက်ဖို့ "

" အင်း အိုခေ "

အပျင်းဆုံးက အဲ့လို Trip တွေသွားရတာပါဆိုနေမှ
ဟွမ်ရွမ်ကျွင့်နဲ့ ကျုံးချန်းလော့ကြောင့်လိုက်ရပြန်ပြီ။

" ဂျယ်မင်းနီးးး ခရီးသွားတာ လိုက်မှာဆို"

" ဟုတ်တယ် မင်ဟျောင်း ဟျောင်း သူတို့ အတင်းခေါ်နေတာနဲ့ လိုက်မလားလို့လေ ပြီးတော့တစ်ခါမှ မသွားဖူးတဲ့ နေရာဆိုတော့ Andong Hahoe Folk Village မလား "

" အင်းဟုတ်တယ် လိုက်မယ်ဆို ဟျောင်းစာရင်း
မှတ်လိုက်ပြီနော် သူတို့က မင်းလိုက်မယ်ဆိုပြီး လာပြောတော့ စနေကြတယ်ထင်လို့ "

" အင်းလိုက်မယ်"

Living In A Fantasy

ဒီအတိုင်း တစ်ညအိပ်ဘဲဆိုတော့ ပေါ့ပေါ့ပါးပါး
ဖြစ်မဲ့ Tshirts နဲ့ Short pants ဘဲ ထည့်လာခဲ့
လိုက်တယ်။ ကျန်တာက မလိုဘူးလေ ရွမ်ကျွင့်တို့ ချန်းလော့တို့ဆီက မျှသုံးလို့ရတယ်။

" လူစုံပြီလား"

" အတန်းခေါင်းဆောင်!!! " ရုတ်တရက် နောက်က အတန်းက ကောင်မလေးတွေရဲ့ အော်သံ။

" ရွမ်ကျွင့်ကျန်ပါသေးတယ် ခဏစောင့်ပေးလိုက်ရမလား သနားပါတယ်နော် အတန်းခေါင်းဆောင်"

NCT Dream One Shot Collection Where stories live. Discover now