F.r.i.e.n.d (Nohyuck)

128 10 2
                                    

(Unicode)

"မင်းငါ့အနားမှာဘဲနေပေးပါနော် ဂျဲနို"

"အွန်းဒါပေါ့"

သူ့ရဲ့ပေါင်ပေါ်မှာအိပ်နေတဲ့ဟယ်ချန်းရဲ့နဖူးပေါ်ကဆံပင်
တွေကိုအပေါ်ပင့်တင်လိုက်တယ်။
"ကောင်းကောင်းအိပ်စက်ပါကလေးလေးတဲ့"

'ဟယ်ချန်းမှာရည်းစားရှိတယ်၊မင်းစည်းကျော်လို့မဖြစ်ဘူး'
ဆိုတဲ့အတွေးတွေဝင်လာပင်မဲ့ဟယ်ချန်းအိပ်နေတာကိုသေချာကြည့်မိနေတုန်းဘဲ၊ဟယ်ချန်းကသူချစ်စရာအကောင်းဆုံးအချိန်ကဘယ်အချိန်လဲမေးရင်'အချိန်တိုင်း'
လို့ဖြေချင်ပင်မဲ့'အိပ်နေတဲ့အချိန်'ဆိုပြီးဖြေခဲ့တယ်။

ဟယ်ချန်းသူ့ရဲ့ကောင်လေးနဲ့အဆင်မပြေဘဲအိမ်မှာလာအိပ်တဲ့ရက်တွေဆိုသူအရမ်းကိုပျော်ခဲ့တာပင်။ဟယ်ချန်းကတော့ငိုနေပင်မဲ့သူကတော့ရင်ထဲမှာကြိတ်ပျော်နေခဲ့တာ၊ဒါကိုဟယ်ချန်းသိရင်သူ့ကိုစိတ်ဆိုးမယ်ထင်ပါရဲ့။

"ဂျဲနို!မင်းဒီတစ်ခါရေးထားတဲ့သီချင်းရဲ့စာသားအဓိပ္ပာယ်
တကယ်ကိုလေးနက်တယ်နော် Muse ကဘယ်သူလဲ"

"အဲ့တာက ဒီတိုင်းပါစဉ်းစားရင်းရေးထားတာMuseရယ်လို့
တော့သီးသန့်မရှိပါဘူး"

ဟယ်ချန်းကသူ့အတွက်ဆိုရင်တကယ်ကိုအားဖြစ်စေတဲ့
လူမျိုး၊အနားမှာရှိရုံနဲ့တင်အနွေးဓာတ်ပေးနိုင်တဲ့သူ၊ဒါတွေ
ကြောင့်ဟယ်ချန်းကိုသူငယ်ချင်းထပ်ပိုတဲ့အချစ်မျိုးနဲ့
ချစ်မိနေခဲ့တာထင်ပါတယ်။

"ဟယ်ချန်း~မင်း"

"အွန်းဂျဲနို ဆက်ပြောလေ"

ဂျဲနိုကဟယ်ချန်းရဲ့ပါးတစ်ဖက်ကိုဆွဲညစ်လိုက်ပြီး
"မင်းအစားစားတာလျော့အုံးပါးအရမ်းဖောင်းနေပြီ"

"ရာာာာာ!!! အဲ့လိုဆိုတိုင်းအရမ်းညစ်ရလားကွ!နာလိုက်တာ"

ဟယ်ချန်းကစိတ်ကောက်ရင်တကယ်ကိုချစ်စရာကောင်းတဲ့ဝက်ဝံလေးအတိုင်းပင်၊အခုလည်းကြည့်နှုတ်ခမ်းဆူပြီးပါးလေးကိုလက်လေးနဲ့ပွတ်နေတာတကယ်ကို၃နှစ်သားကလေးအတိုင်းဘဲ။

အမှန်တော့ဟယ်ချန်းကိုပြောမဲ့စကားကတစ်ခုအကြည့်ချင်းဆုံပြီးအသည်းယားလာလို့ပါးကိုဆွဲညစ်လိုက်တာပင်။
"ဂျဲနို မင်းမှာလတ်တလောကြိုက်နေတဲ့သူရှိလား"

You've reached the end of published parts.

⏰ Last updated: Sep 08 ⏰

Add this story to your Library to get notified about new parts!

NCT Dream One Shot Collection Where stories live. Discover now