Home2(Nosung)

243 24 26
                                    

<Diary>

သားသမီးအရင်းဖြစ်ပင်မဲ့ သားသမီးလို မဆက်ဆံခံရဖူးတဲ့ အခါနဲ့ ကြုံဖူးကြလား! ကျွန်တော့်အတွက်ကတော့ နေ့ရက်တိုင်း ဒီလိုပုံစံပါဘဲ

အပြင်လူတွေအတွက် ဒီမိသားစုက အရမ်းချစ်ကြပါလားဆိုပြီး ထင်ကောင်းထင်ကြလိမ့်မယ် ဒါမဲ့ နောက်ကွယ်က ချုပ်လောင်မှုတွေ စိတ်ပျက်စရာကြီး တွေက ကျွန်တော့်ဘဝရဲ့ စိတ်ညစ်စရာ အမဲစက်အဖြစ် ကျန်ရှိခဲ့တယ်......

Flash Back~

" ​ဂျီဆောင်း! နင့်အကို အောက်ထပ်မှာခေါ်နေတယ် သွားမေးလိုက်အုံး ငါခိုင်းမလို့လည်းဆိုတာ "

" သား စာလုပ်နေလို့ "

" ငါဆင်ခြေတွေ မကြားချင်ဘူး အခုဆင်းဆိုဆင်းသွား
လိုက်"

ငြင်းပယ်လို့ မရတဲ့ အမိန့်အာဏာ....

" အကို သားကို ခေါ်သေးလား "

" အေး ငါ့အဖြူရောင်ရှပ်လေး ယူဝတ်ထားသေးလား
ငါဗီဒိုထဲရှာတာ မတွေ့လို့ "

" ဟင့်အင်း "

" လျှော်တဲ့ထဲ သွားရှာကြည့်စမ်း "

" မရှိလောက်ပါဘူး ဆို "

" ငါတွေ့ရင်အသေဘဲနော် ပတ်ဂျီဆောင်း"

" တကယ် မရှိဘူး သားမနက်က သားအထည်တွေယူတုန်းက မတွေ့ဘူး လျှော်တဲ့ထဲ အမေ့အဝတ်ဘဲ
တွေ့တော့တယ် "

" ပြီးရော! မင်းကောယူဝတ်သေးလား "

" မဝတ်ပါဘူး ကျွန်တော်က ဘာလို့ ဟျောင်း အကျီဝတ်ရမှာလဲ"

" မသိပါဘူး မင်းက ငါ့ကို အမြဲအားကျနေတော့ ငါ့အကျီများခိုးယူဝတ်နေလားလို့ပါ "

ဒီစကားလုံးတွေက ကြားနေကြမလို့ ထူးထူးဆန်းဆန်း မရှိတော့ဘူး....

"တွေ့ရင်လာပေးနော် ဂျီဆောင်း "

" ဟုတ်ပါပြီ "

" သား ဂျီဆောင်းရေ အိမ်တံခါးလေး လာပိတ်"

အပေါ်ထပ်ကနေ ပြေးဆင်းလာပြီး "အမေတို့ ဘယ်သွားကြမလို့လဲ"

" ဒီနေ့ နင့်အမ ဘွဲ့ရလို့ ဓာတ်ပုံသွားရိုက်မလို့လေ"

" သားက ကော? "

NCT Dream One Shot Collection Where stories live. Discover now